Preloader

မိလိန္ဒပဉှာ

ဝိပဿနာဉာဏ်စဉ်အဆင့်ဆင့်မြင့်လာပုံများနှင့်
လောကီလောကုတ္တရာသိမှတ်ဖွယ်ရာတို့ကို
ပိဋကတ်တော်နှင့်အညီဥပမာအလင်္ကာတန်ဆာဆင်ဖွင့်ဆိုထားသော

မိလိန္ဒပဉှာ

မိလိန္ဒမင်းကြီးနှင့် ရှင်နာဂသိန် အမေးအဖြေ
[သင်္ဂါယနာတင် ဂန္ဓ ဝင်ကျမ်းစာ ]
မာဏဝ ပြုစုသည်
နှလုံးလှစာတည်းအဖွဲ့က စီစဉ်တည်းဖြတ်သည်
ပဉ္စမအကြိမ်

လူသားတို့သည် ထူးထူးဆန်းဆန်း ထူးထူးခြားခြားကို စိတ် “ဝင်စားကြ၏။ ကြည့်ချင် သိချင်ကြ၏။ လောက၏ ဖြစ်မြဲ သဘာဝ နိယာမသဘောပင် ဖြစ်သည်။
ကမ္ဘာ့လူသားပေါင်းများစွာတို့သည် မိလိန္ဒပဉှာကို စိတ်ဝင်စားခဲ့ ကြသည်မှာ ခေတ် အဆက်ဆက်မှသည် ယနေ့တိုင်အောင် ဖြစ်၏။ ယင်းသို့ ဖြစ်ရခြင်းမှာ-
“မျက်ရည်သည် ဆေးဖက်ဝင်သလား၊ ပညာသည် ဘယ်နေရာ ၌ တည်သနည်း၊ နိဗ္ဗာန်သည် ဘယ်အရပ်မှာ ရှိသနည်း၊ ဘုရားနှင့် သံဃာ မည်သူက မြတ်သနည်း၊ ရဟန်းနှင့် လူ မည်သူက မြတ်သနည်း၊ ကမ္ဘာမြေကြီးသည် ရေပေါ်၌ မည်သို့ တည်နေနိုင်သနည်း၊ ငရဲသားသည် ငရဲမီးထဲ၌ အဘယ့်ကြောင့် လောင်ကျွမ်း မသွားသနည်း”

စသော ပြဿနာတို့ကို မိလိန္ဒ မင်းကြီး မေး၍ အရှင်နာဂသိန်မထေရ် ရှင်းလင်း ဖြေကြား လေသည်။
ထို အမေးနှင့် အဖြေတို့သည်ပင်လျှင်လူသားတို့ စိတ်ဝင်စားဖွယ် သိမှတ်ဖွယ် ဖြစ်ပါကြောင်း။

"အကျွန်ုပ်သည် အရှင်ဘုရားအား ညှဉ်းဆဲလို၍
ပြဿနာ မေးလျှောက်ခြင်း မဟုတ်ပါ။
ယုံမှားသံသယ ကင်းငြိမ်းလို၍
သာလျှင် မေးလျှောက်ပါသည်။
ဤလောက၌ ဉာဏ်ပညာ ကင်းမဲ့ပြီး
လမ်းမှားသို့ လိုက်သူတို့သည် များပြားလှပါ၏။
ထိုသူတို့သည် အဘယ့်ကြောင့်
အခွင့်မရဘဲ ရှိကုန်အံ့နည်းဟု
နှလုံးသွင်း၍သာလျှင်
အရှင်ဘုရားအား ပြဿနာကို မေးလျှောက်ပါသည်။"
(မိလိန္ဒပဉှာ၊ ဝေဿန္တရဝဂ်၊ ပုဗ္ဗ ပေတာဒိသ ပဥှာ)

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

မိလိန္ဒပဉှာ နိဒါန်း

မိလိန္ဒပဉှာသည် ဘုရားဟော မဟုတ်သော်လည်း မိလိန္ဒပဉှာပါဠိတော် အမည်ဖြင့် ပါဠိပိက စာရင်းဝင် ဖြစ်နေပေသည်။ ယင်းကိုထောက်လျက် မိလိန္ဒပဉှာသည် ပိဋကစာပေ၌ မည်မျှ အရေးပါသည့်နေရာကို ရရှိနေသည်ဆိုသည့်အချက်ကို သိရှိနိုင်ပေသည်။ အရှင်မဟာ ဗုဒ္ဓဃောသ၏ အဋ္ဌကထာကျမ်းများမပေါ်မီ ပိဋကတ်သုံးပုံကို အခြေခံလျက် ရေးသားပြုစုခဲ့ကြသည့် ကျမ်းများ အနက် နေတ္တိပကရဏ ပေဋကောပဒေသ၊ မိလိန္ဒပဉှာ၊ ဝိသုဒ္ဓိမဂ္ဂတို့သည် အထူး အရေးပါသော ကျမ်းများ ဖြစ်ကြသည်။ ယင်းတို့အနက် မိလိန္ဒပဉှာနှင့် ဝိသုဒ္ဓိမဂ္ဂတို့သည် ထေရဝါဒ အစဉ်အလာ အဘိဓမ္မာရေးရာ အယူအဆများနှင့် ပတ်သက်၍ ပိုပြီး အရေးပါသော ကျမ်းများ ဖြစ်ကြပေသည်။
အဋ္ဌကထာဆရာ ရှင်မဟာ ဗုဒ္ဓဃောသသည် သူ၏ အဋ္ဌကထာကျမ်းများ၌ မိလိန္ဒပဉှာကို ဘုရားဟော ပိဋကကဲ့သို့ပင် တလေးတစား ကိုးကား ဖော်ပြထားသည်ကို တွေ့ ရပေသည်။ အဋ္ဌသာလိနီကျမ်း၌ ရှင်ဗုဒ္ဓဃောသသည် အာယသ္မာ နာဂသေန၊ နာဂသေနထေရ၊ အာယသ္မာ နာဂသေန ထေရ စသည်ဖြင့် မိလိန္ဒပဉှာ ကျမ်းပြုဆရာကို မကြာခဏ ထုတ်ဖော်ညွှန်ပြထားသည်။ ယင်းမှာလည်း မိလိန္ဒပဉှာကျမ်း မည်မျှကြီးကျယ်သည်၊ မည်မျှအရေးပါသည် ဆိုသည် အချက်၏ လုံလောက်သော သက်သော သာဓကတစ်ရပ်ပင် ဖြစ်စေသည်။
မိလိန္ဒပဉှာသည် စာပေအမြင်ဖြင့် ကြည့်ကြည့်၊ ဒဿနဗေဒ အမြင်ဖြင့်ကြည့်ကြည့် ထေရ ဝါဒ ဗုဒ္ဓဘာသာ၏ ဂုဏ်ယူစရာကျမ်းတစ်ဆူ ဖြစ်လေသည်။ အနောက်တိုင်း ပညာရှင်များသည် ပင် မိလိန္ဒပဉှာ၏ အရေးပါပုံကို တစ်ညီတစ်ညွတ်တည်း အသိအမှတ်ပြုကြလျက် မိလိန္ဒပဉှာ၌ ဂရိဩဇာ၊ အထူးသဖြင့် ပလေတိုစကား အချေအတင်၏ အရိပ်အယောင် တွေ့ ရသည်ဟု အထင် ရှိကြ၏။ ရာဟုလာသံကိစ္စည်းကလည်း သူ၏ ဗောဒ္ဓဒဿန၌ မိလိန္ဒပဉှာသည် ဟိန္ဒူနှင့် ဂရိတ် အသိဉာဏ်ပညာများ ပေါင်းစပ်လျက် အိန္ဒိယပြည်တွင် အယူအဆသစ်များ စတင်လာခဲ့သည့် သမိုင်းခေတ်က ကျယ်ပြန့်သော အဖြစ်အပျက်များ၏ နမူနာတစ်ရပ်ဖြစ်သည်ဟု ဆိုထားသည်။ ကျမ်း၏ အမည်နာမက ညွှန်ပြထားသည့်အတိုင်း မိလိန္ဒပဉှာသည် မိလိန္ဒ၏ ပဉှာ သို့မဟုတ် ပြဿနာ၊ သို့မဟုတ် ပုစ္ဆာများကို ဖော်ပြသည့်ကျမ်း ဖြစ်သည်။ မိလိန္ဒ ဟူသည်မှာ ဂရိတ်ဘုရင် မေနန္ဒာကို ပါဠိအမည် ပြောင်းထားခြင်းဖြစ်သည်။ မိလိန္ဒပဉှာ၌ မိလိန္ဒမင်းကြီး၏ အမေးပုစ္ဆာများ ကိုသာလျှင် ဖော်ပြထားသည် မဟုတ်ပေ။ မိလိန္ဒမင်းကြီး၏ အမေးပုစ္ဆာများကို ဖြေဆိုခြင်းသည် ဤကျမ်း၏ အဓိကအကြောင်းအရာ ဖြစ်ပေသည်။ မိလိန္ဒမင်းကြီး၏ အမေးပုစ္ဆာများကို ရှင်နာဂ သေန အမည်ရှိ ရဟန်းတော်က ဖြေထားသည်။ သို့ဖြစ်၍ မိလိန္ဒပဉှာသည် မိလိန္ဒမင်းကြီးနှင့် ရှင်နာဂသေနတို့၏ အမေးအဖြေ အချေအတင် စကားများကို ရေးသား ဖော်ပြထားသည့်ကျမ်း ဖြစ်လေသည်။ မိလိန္ဒမင်းကြီးနှင့် ရှင်နာဂသေနတို့ ယင်း အမေးအဖြေ အချေအတင် စကားမှာ သမိုင်းဝင်ဖြစ်ကြောင်း ရာဇဝင် အထောက်အထားများ ရှိလေသည်။ မိလိန္ဒပဉှာကျမ်း၌ပင် မိလိန္ဒ မင်းကြီးအား ယောနကာနံ ရာဇာ မိလိန္ဒော ဟူ၍ ဂရိနိုင်ငံဘုရင် ဖြစ်ကြောင်း ဖော်ပြထားလျက် မိလိန္ဒဘုရင်၏နေပြည်တော်ကို သာဓလ (ယခုခေတ် ဆယာယ်ကုတ်) ဟူ၍ ဖော်ပြထားလေသည်။
ခရစ်နှစ်မတိုင်မီ ရာစုနှစ်ကာလက အိန္ဒိယပြည်၏ အနောက်မြောက်ခြမ်းသည် ဂရိဘုရင် တို့၏ လက်အောက် ရောက်ခဲ့ရသည်။ ဂရိဘုရင် မေနန္ဒာ၊ သို့မဟုတ် မေနန္ဒရိုစ် သည်ပင် မိလိန္ဒပဉှာ၏ မိလိန္ဒမင်းကြီး ဖြစ်သည်ဟူ၍ သမိုင်းပညာရှင်များ သတ်မှတ် ဆုံးဖြတ်ကြလေ သည်။ သို့ရာတွင် ယင်း ဂရိဘုရင် မေနန္ဒရိုစ် အုပ်စိုးသည့် ခုနှစ်သက္ကရာဇ်နှင့်ပတ်သက်၍မူ သမိုင်း ပညာရှင်များ တစ်ဦးနှင့်တစ်ဦး အယူအဆ မတူကြပေ။ ဆမစ်၏ အယူအဆအရ ဘီစီ ၁၅၅ ၌ မေနန္ဒာသည် အိန္ဒိယနိုင်ငံကို ကျူးကျော်ဝင်ရောက်သည် ။ ရာယ ကျောက်ဓရီနှင့် ဗားနတ်တို့ ၏ အလိုအရမူ မေနန္ဒာအုပ်ချုပ်သည့် ကာလသည် ဘီစီ တစ်ရာစုဖြစ်သည် ။ ဒေါက်တာ ရာမေရှ ကျန္ဒရမဇုမ်းဒါးကား မေနန္ဒာခေတ်သည် ခရစ်မပေါ်မီ နှစ် ၉၀ မတိုင်ခင် ဖြစ်နိုင်ဖို့မရှိပေဟု ဆိုထားသည် ိ။ သမိုင်းပညာရှင် အများစုသည် မေနန္ဒာ၏ခေတ်ကို ဘီစီ ပထမရာစုနှစ်ဟူ၍ ယူဆထားကြသည်။ သို့ဖြစ်၍ မိလိန္ဒပဉှာ မူရင်းကို ထိုခေတ်ကာလတွင် ရေးသားသည် ဟူ၍မှတ်ယူရပေလိမ့်မည်။ ဂရိအုပ်ချုပ်ရေးသည် မေနန္ဒာနောက်တွင် အိန္ဒိယနိုင်ငံမှ အဆောတလျင် ပျောက်ကွယ်သွားပြီးလျှင် အိန္ဒိယသမိုင်း၌ ယင်း၏ထာဝရ အမှတ်သင်္ကေတ တစ်စုံတစ်ခုမျှပင် မကျန်ရစ်ခဲ့ပေ။ ထို့ကြောင့် အကယ်၍ မိလိန္ဒမင်းကြီးနှင့် ရှင်နာဂသေနတို့၏ အမေးအဖြေ၊ အချေအတင်စကားများကို အရင်းခံလျက် မိလိန္ဒပဉှာကို နှောင်းခေတ်တစ်ခတ်ကျမှ ရေးသည်ဟု ယူဆသည့်တိုင် ယင်းနှောင်းခေတ်သည် နောက်ပိုင်းအတော်ကျသည့် နှောင်းခေတ် မဖြစ်တန်ရာ။ မည်သည့် ရှုထောင့်ကကြည့်ကြည့် မိလိန္ဒပဉှာကို ရေးသည့်ခေတ်မှာ ခရစ်နှစ်မတိုင်ခင်ဖြစ်ပြီး မိလိန္ဒပဉှာ၏ အခြေခံမှာ ဘုရင်မေနန္ဒာနှင့် ရှင်နာဂသေနတို့၏ သမိုင်းဝင် အမေးအဖြေ အချေ အတင် စကားများပင် ဖြစ်လေသည်။
မိလိန္ဒပဉှာသည် သမိုင်းဝင်ဖြစ်ကြောင်း ပိုမိုခိုင်မာစေသော အထောက်အထား တစ်ရပ်လည်း ထင်ရှားရှိနေသည်။ အိန္ဒိယပြည်ရှိ နေရာဌာနပေါင်း ၂၂ ဌာနလောက်၌ (အထူးအားဖြင့် မထုရာ၌) ဂရိဘုရင် မေနန္ဒာ၏ ဒင်္ဂါးပြားများကို တွေ့ကြရလေသည်။ ထိုဒင်္ဂါးပြားများတွင် ဗေဆိလိယပ်ဆိုငိုရဆို မေနန္ဒာရိုစ် ဟူ၍ ရေးထိုးထားသည်ကို တွေ့ ရသည်။ အံ့ဖွယ်အချက်တစ်ခု မှာ ယင်းဒင်္ဂါးပြားများတွင် ဓမ္မစကြာတံဆိပ် ခတ်နှိပ်ပါရှိနေခြင်းပင် ဖြစ်လေသည်။ ယင်းအချက် မှာ မိလိန္ဒမင်းကြီး၏ ဗုဒ္ဓဘာသာဝင်ဖြစ်သွားကြောင်း အခိုင်အမာ အထောက်အထားပင် ဖြစ်လေ သည်။ မိလိန္ဒပဉှာ၌လည်း ရှင်နာဂသေန၏ အဖြေဝိသဇ္ဇနာများကို ကျေနပ်အားရသွားပြီးလျှင် ဘုရင်မိလိန္ဒသည် မိမိအားတပည့် ဒါယကာ ဥပါသကာအဖြစ် သတ်မှတ်လက်ခံတော်မူရန် ဥပါ သက္ခံ မေဘန္တေ နာဂသေန ဓာရေထ ဟူ၍ ရှင်နာဂသေနအား တောင်းပန်လျှောက်ထားကြောင်း ရေးသားပါရှိလေသည်။ မိလိန္ဒဘုရင်သည် နောင်သောအခါ၌ တိုင်းပြည်ကို သားတော်အား လွှဲအပ်လျက် ဝိပဿနာ ပွားများအားထုတ်ပြီးလျှင် ရဟန္တာ ဖြစ်သွားလေသည် ဟူ၍လည်း မိလိန္ဒပဉှာ၌ ဆိုထားသည် ။ ဂရိသမိုင်းဆရာ ပလူ တာ့က်ကလည်း မေနန္ဒာဘုရင် ကံကုန်သွား သည့်အခါ၌ အိန္ဒိယပြည် မြို့ပေါင်းများစွာတို့တွင် အရိုးကို ဌာပနာလျက် အရိုးစေတီများ ကိုးကွယ်တည်ထားသည်ဟု ဆိုထားလေသည်။
အထက်ပါ မိလိန္ဒပဉှာပါ စကားရပ်များနှင့်တကွ ပလူတာ့က်၏ ရေးသားချက်၊ မေနန္ဒာ ဘုရင်၏ ဒင်္ဂါးပြားတွင်ပါရှိသည့် ဓမ္မစကြာအမှတ်တံဆိပ်များကို ထောက်လျှင် မိလိန္ဒမင်းကြီး ဗုဒ္ဓဘာသာဝင် ဖြစ်သွားသည်ဆိုသည့်အကြောင်းကို လက်မခံနိုင်စရာ အကြောင်းမရှိပေ။ ဤမျှ ခိုင်လုံသော အထောက်အထားများရှိပါလျက် အနောက်တိုင်းပညာရှင်အချို့သည် မေနန္ဒာဘုရင် ဗုဒ္ဓဘာသာဝင် ဖြစ်သွားသည်ဆိုသည့်အချက်ကို လက်မခံချင်ကြပေ။
ဂရိဘုရင် မေနန္ဒာနှင့် ရှင်နာဂသေနတို့၏ အမေးအဖြေ အချေအတင်စကားများကို အခြေခံ လျက် မိလိန္ဒပဉှာကို ရေးသားခြင်းမှာ သမိုင်းဝင်အကြောင်းအရာ ဖြစ်သော်လည်း မိလိန္ဒပဉှာကို မည်သူရေးသနည်း၊ မည်သည့်ပုံစံမျိုးဖြင့် ရေးခဲ့သနည်း၊ နောက်ထပ် ပြောင်းလဲမှု၊ သို့မဟုတ် ဖြည့်စွက်မှု ရှိသေးသလော စသည့် ပြဿနာများမှာမူ မတင်မကျ ဆုံးဖြတ်ချက် မကျသည့် ပြဿနာများ ဖြစ်နေပေသည်။ ယင်းပြဿနာများကို မစဉ်းစားမီ မိလိန္ဒပဉှာကို ဗုဒ္ဓဓမ္မနှင့်ပတ် သက်သည့် ယုံမှားသံသယများကို ဖယ်ရှား ဖျောက်ဖျက်ပစ်ရန်အလို့ငှာ ဘီစီ နှစ်ရာစု၊ သို့မဟုတ် ဘီစီတစ်ရာစု၌ ဂရိဘုရင် မေနန္ဒာနှင့် ရှင်နာဂသေနတို့၏ ပုစ္ဆာနှင့် ဝိသဇ္ဇနာများကို အခြေခံ လျက် ရေးသားခဲ့သည်ဆိုသည့် အချက်ကိုမူ စိတ်ချလက်ချ သိရှိနားလည်ထားရန် လိုအပ်ပေသည်။
ကျမ်းပြုပုဂ္ဂိုလ် မည်သူမည်ဝါဖြစ်သည်ဟူသော ပြဿနာမှာ မိလိန္ဒပဉှာနှင့်ပတ်သက်သည့် အခက်အခဲဆုံး ပြဿနာတစ်ရပ် ဖြစ်ပေသည်။ ထိုအချက်နှင့်စပ်လျဉ်း၍ ပညာရှင်များ သုတေသန ပြုလုပ်ကြသော်လည်း ကျမ်းအတွင်းအပြင်၌ ကျမ်းပြုပုဂ္ဂိုလ် မည်သူမည်ဝါ ဖြစ်သည်ဆိုသော လုံလောက်သော အထောက်အထားကို မတွေ့ ရပေ။ ကျမ်းပြုပုဂ္ဂိုလ်မှာ ရှင်နာဂသေနပင် ဖြစ် သည်ဟူ၍ ယူဆကြသည်။ ရှင်မဟာဗုဒ္ဓဃောသ ကလည်း ထိုသို့ပင် ယူဆသည်။ ရှင်နာဂသေန သည် ကျမ်းတွင်ပါသည့် ဇာတ်ဆောင်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သကဲ့သို့ပင် ကျမ်းပြုပုဂ္ဂိုလ်လည်း ဖြစ် သည်ဟူသော အချက်ကို ဆန့်ကျင်ကန့်ကွက်သူ မရှိကြပေ။ ရစ်(စ်)ဒေးဗစ်ကမူ ကျမ်းပြုသူ၏ အမည်ကို မာဏဝ ဟူ၍ ဖော်ပြထားသည်။ယင်း အယူအဆနှင့်ပတ်သက်၍မူ ခိုင်လုံသော သမိုင်း အထောက်အထား မတွေ့ ရပေ။ မြန်မာမူ မိလိန္ဒပဉှာကို မှတ်တမ်းတင်ခဲ့သော ပုဂ္ဂိုလ်မှာ သီဟိုဠ် ကျွန်း ဒေါဏီမြို့၌ နေထိုင်သီတင်းသုံးသော ဒေါဏိမထေရ် ဖြစ်သည်ဟု ရေးသားပါရှိလေသည် ။
မိလိန္ဒပဉှာသည် တစ်ဦးတည်းက တစ်ခေတ် တစ်ချိန်တည်းတွင် ရေးသည့်ကျမ်း မဟုတ်ဘဲ တစ်ဦးမကသော ကျမ်းပြုများ တစ်ဦးနှင့်တစ်ဦး မတူသော မိမိတို့၏ ခေတ်ကာလ အသီးသီး တို့၌ ရေးသားသည့်ကျမ်း ဖြစ်၏ ဟူ၍ အချို့ ပညာရှင်များက၊ အထူးအားဖြင့် အနောက်တိုင်း ပညာရှင်များက ယူဆကြလေသည်။ အပိုင်းကဏ္ဍတို့၏ တစ်ခုနှင့်တစ်ခု ပုံစံကွဲပြား ခြားနားမှ ကြောင့်လည်းကောင်း၊ ရေးဟန်နှင့် အကြောင်းအရာများ တစ်ခုနှင့်တစ်ခု ကွဲပြားခြားနားမှုကြောင့် လည်းကောင်း မိလိန္ဒပဉှာကျမ်းသည် မူလက မိလိန္ဒမင်းကြီးနှင့် ရှင်နာဂသေနတို့၏ ပုစ္ဆာဝိသဇ္ဇနာ ကို အကျဉ်းချုပ် ရေးသားထားသည့်ကျမ်း ဖြစ်ဖို့ရှိပြီး နောက်ပိုင်းကျမှ ထေရဝါဒ ဗုဒ္ဓဘာသာ၏ အမြင်ဖြင့် အရေးကြီးသည့် အချက်အလက်များကို ထပ်ဖြည့်ထားခြင်း ဖြစ်သည်ဟု အယူရှိကြ လေသည်။
မိလိန္ဒပဉှာ၌ ပါရှိသည့် ပုံစံနှင့် ဟန် တစ်ခုနှင့်တစ်ခု ကွဲပြားခြားနားနေသော အတွင်း အထောက်အထားများအပြင် အခြား လုံလောက်သော အပြင် အထောက်အထား တစ်ခုကလည်း ယခုရှိနေသည့် မိလိန္ဒပဉှာသည် မူရင်းကျမ်း မဟုတ်တော့ဘဲ ထပ်မံဖြည့်စွက် ရေးသားထားသည့် ကျမ်း ဖြစ်သည်။ သို့မဟုတ် သက္ကတဘာသာကျမ်းတစ်ခုမှ ပါဠိဘာသာပြန်ထားသည့် ကျမ်း ဖြစ်သည် ဆိုသောအချက်ကို ကျားကန်ပေးနေသည်။ ယင်းအထောက်အထားမှာ မိလိန္ဒပဉှာတရုတ်ဘာသာပြန် ဖြစ်လေသည်။ နာဂသေန သုတ္တဟူ၍ ကျမ်းအမည်ပေးထားသည့် ယင်းတရုတ် ဘာသာ မိလိန္ဒပဉှာကို ခရစ်နှစ် ၃၈၇ နှင့် ၄၂၀ အကြား၌ ဘာသာပြန်ဆိုသည်။
ပါဠိမိလိန္ဒ၌ ကဏ္ဍ ခုနစ်ခု ရှိသည်။ ယင်းတို့မှာ
(၁) ဗာဟိရကထာ
(၂) လက္ခဏပဉှာ
(၃) ဝိမတိစ္ဆေဒနပဉှာ
(၄) မေဏ္ဍကပဉှာ
(၅) အနုမာနပဉှာ
(၆) ဓုတင်္ဂကထာပဉှာ
(၇) သြပမ္မကထာပညာတို့ ဖြစ်ကြသည်။
နာဂသေနသုတ္တ အမည်ရှိသော မိလိန္ဒပဉှာ တရုတ်ဘာသာပြန် ၌ကား စတုတ္ထကဏ္ဍမှစ၍ သတ္တမကဏ္ဍအထိ မပါပေ။ သို့ဖြစ်၍ ပညာရှင်များက မိလိန္ဒပဉှာ၏ ရှေ့ပိုင်း သုံးကဏ္ဍတို့သည်သာလျှင် မူလကျမ်းရင်းဖြစ်ပြီး ကျန် နောက်ပိုင်းကဏ္ဍတို့မှာနောက်မှ ထပ်ဖြည့်သည့် စာများဖြစ်၏ ဟူ၍ အယူရှိကြလေသည်။ ဆေနန်နှင့် ဝါသ် စသော ပညာရှင် များအပြင် ဂိုဂါPနှင့် ဝင်တာနစ် J တို့လည်း ယင်းကဲ့သို့ပင် ယူဆကြလေသည်။ ထိုပုဂ္ဂိုလ်များ သည် ယင်းအယူအဆ၏ အထောက်အထားဖြစ်သော အခြားအကြောင်းများကိုလည်း ထုတ်ပြ ကြလေသည်။ အကြီးမားဆုံးသော အကြောင်းတစ်ခုမှာ ယခု ထင်ရှားရှိနေသော ပါဠိမိလိန္ဒပဉှာ ၌ပင် တတိယကဏ္ဍ၏ အပြီးသတ်၌ မိလိန္ဒဿပဉှာနံ ပုစ္ဆာ ဝိသဇ္ဇနာ နိဋ္ဌိတာ (မိလိန္ဒ အမေး ပုစ္ဆာ၏ အဖြေ ဝိသဇ္ဇနာ ပြီးပြီ) ဟူ၍ ရေးသားထားခြင်း ဖြစ်လေသည်။ ထိုမျှသာမက စတုတ္ထ ကဏ္ဍ၏ အစ၌ ရေးသားပါရှိသော ဂါထာတို့၌လည်း စကားအရာ လိမ္မာကျွမ်းကျင်သော၊ တက္က ဗေဒကို လိုလားနှစ်သက်သော၊ အလွန်တရာ ဉာဏ်ပညာထက်မြက်သော မိလိန္ဒသည် အသိ ပညာ ဝေဖန်ပိုင်းခြား သိရှိနိုင်ရန်အလို့ငှာ နာဂသေနထံသို့ ချဉ်းကပ်၏ ိ ဟူ၍ အသစ်တစ်ဖန် ကျမ်းဦး အစပျိုးထားသည်ကို တွေ့ ရပေသည်။ မိလိန္ဒ၏ အမေးပုစ္ဆာများကို ဖြေဆိုခြင်းကိစ္စ လက်စသတ်လိုက်လျှင် ယခုကဲ့သို့ အသစ်တစ်ဖန် ထပ်မံ၍ ပဏာမ အစပျိုးနေစရာ အကြောင်း မရှိပေ။ ဘက်မလိုက်သည့် ဝေဖန်ရေးသမားတစ်ဦးအတွက် ထိုစတုတ္ထကဏ္ဍမှ အစပြုသော နောက်ပိုင်းကဏ္ဍတို့အား မူလ ပင်ကိုလက်ရာ ဟုတ်မဟုတ် ယုံမှားသံသယမဖြစ်ဘဲ နေတော့ မည် မဟုတ်ပေ။ အံ့သြဖွယ် အချက်တစ်ခုမှာလည်း အဋ္ဌကထာဆရာ ရှင်မဟာဗုဒ္ဓဃောသ ကိုးကားသော မိလိန္ဒပဉှာကျမ်း၏ အချက်အလက်များမှာ များသောအားဖြင့် ရှေ့ပိုင်းသုံးကဏ္ဍမှ အချက်အလက်များ ဖြစ်နေပေသည်။
ရှေ့ပိုင်းသုံးကဏ္ဍကိုပင်လျှင် ပညာရှင်အချို့ က မူလ ပင်ကိုလက်ရာ ဟုတ်မဟုတ် သံသယ ဖြစ်ကြသေးသည်။ ဝင်တာနစ်ကိုယ်တိုင်ကပင် ပထမကဏ္ဍ၏ အစိတ်အပိုင်းအချို့ကို မူလပင်ကို လက်ရာ မဟုတ်ဟူ၍ အယူရှိလေသည်။ ဂိုင်ဂါကလည်း ထိုအယူအဆကို လက်ခံလေသည်။ ထိုနည်းအတိုင်းပင် တတိယကဏ္ဍ ဝိမတိစ္ဆေဒနပဉှာ၌လည်း ထပ်မံ ဖြည့်စွက်ထားခြင်းများ ရှိ နိုင်သည် ဟူ၍ အယူရှိကြသည်။ ယင်းကဏ္ဍ၌ မိလိန္ဒမင်းကြီး၏ သံသယဒွိဟများကို ဖြေရှင်း ထားသည်။ ထေရဝါဒ ဗုဒ္ဓဘာသာအမြင်ဖြင့် အရေးပါသော သံသယများကို ဖြေရှင်းချက်များ နှင့်တကွ ဖော်ပြထားသည်ဟူ၍ ပညာရှင်များက ယူဆကြသည်။ ဂါဗ်နှင့် ရှရေဒါတို့ကမူ ယင်း ကဏ္ဍတစ်ခုလုံးသည် နောက်မှ ထပ်ဖြည့်ထားသည့်ကဏ္ဍ ဖြစ်သည်ဟူ၍ အယူရှိလေသည်။
ယင်းသို့အားဖြင့် ပါဠိ မိလိန္ဒပဉှာ၏ စတုတ္ထကဏ္ဍမှစ၍ သတ္တမကဏ္ဍအထိ ကဏ္ဍများမှာ နောက်မှထပ်ဖြည့်သည့် ကဏ္ဍများဖြစ်၏ ဟူ၍ ပါဠိမိလိန္ဒနှင့် တရုတ်ဘာသာပြန် နာဂသေန သုတ္တတို့၏ ကွဲပြားခြားနားချက်ကိုလည်းကောင်း၊ ဖော်ပြပါ အထောက်အထားများကိုလည်းကောင်း အခြေခံလျက် ကြံဆကြလေသည်။ ဒေါက်တာဂိုင်ဂါက ပါဠိ မိလိန္ဒပဉှာသည် မူရင်း သက္ကတ ဘာသာဖြင့် ရေးသားထားသည့် ကျမ်းဖြစ်ကြောင်း၊ နောက်မှ သီဟိုဠ်ကျွန်း၌ ပါဠိဘာသာဖြင့် ဘာသာပြန်ဆိုခြင်းဖြစ်ကြောင်း၊ ပါဠိ မိလိန္ဒပဉှာ၌ မူလက မပါသည့် အချက်အလက်များ ထပ် ဖြည့်ထားကြောင်း ရေးသားထားသည်။ သို့ရာတွင် ထိုအယူအဆကို ပညာရှင်အချို့က လက်မခံ ကြပေ။ ဘာရတ်ဆိန် ဥပဇ္ဈာယကမူ ဤသို့ ရေးသားသည်။ မိလိန္ဒပဉှာ၌ နောက်ထပ်ဖြည့်စွက် သော အချက်အလက်များ ပါရှိသည် ဆိုသည်မှာ ဖြစ်နိုင်စရာ ရှိသော်လည်း မိလိန္ဒပဉှာသည် မူလ သက္ကတဘာသာမှ ပါဠိဘာသာ ပြန်ဆိုထားခြင်း ဖြစ်သည်ဟူသော အချက်ကိုမူ လက်ခံ နိုင်စရာ အကြောင်းမရှိပေ။ အမှန်စင်စစ်အားဖြင့် မိလိန္ဒပဉှာသည် အိန္ဒိယပြည် အနောက်မြောက် ပိုင်း၌ ဘီစီ ပထမရာစုနှစ်က ပါဠိဘာသာဖြင့် မူလ စတင်ပြီး ရေးသားထားသည့် ကျမ်း ဖြစ်၏။
မိလိန္ဒပဉှာသည် ဒဿနဗေဒအမြင်ဖြင့် ကြည့်ကြည့်၊ ဓမ္မအမြင်ဖြင့် ကြည့်ကြည့် အလွန် အရေးပါသော ကျမ်းကြီးတစ်ကျမ်း ဖြစ်သည်။ စာပေအမြင်၊ သမိုင်းအမြင်အရလည်း မိလိန္ဒပဉှာ ၏ အရေးပါ အရာရောက်မှုမှာ မသေးငယ်ပေ။ မိလိန္ဒပဉှာသည် ထေရဝါဒ ဗုဒ္ဓကျမ်းစာ ဘဏ္ဍာ တိုက်ထဲမှ အရောင် တလက်လက်ထွက်နေသည့် ရတနာလုံးကြီး ဖြစ်လေသည်။ မိလိန္ဒပဉှာကို ဘုရားဟောဒေသနာကဲ့သို့ပင် တန်ဖိုးထားကြသည်။
မိလိန္ဒပဉှာ၏ အမေး အဖြေ အချေ အတင် ပုံစံဖြင့် တင်ပြဟန်ကို ကြည့်လျက် အချို့ အနောက်တိုင်း ပညာရှင်များက မိလိန္ဒပဉှာတွင် ဂရိသြဇာ လွှမ်းမိုးမှုရှိသည်ဟု ယူဆကြသည်။ ပလေတို၏စကား အချေအတင်ပုံစံ၏ အရိပ်အယောင် လွှမ်းနေသည်ဟု ဆိုလိုသည်။ ယင်း ယူဆချက် မမှန်ဟူ၍ အရှေ့တိုင်းပညာရှင်အချို့က ပြန်လှန်ချေပထားကြသည်။ ရှင်နာဂသေန သည် ဂရိဘာသာစကားနှင့်လည်းကောင်း၊ ဂရိ အတွေးအခေါ်နှင့်လည်းကောင်း နီးစပ်မှုရှိသည် ဆိုသည့် အထောက်အထားမရှိပေ။ ရှင်နာဂသေန၏ မျက်မှောက်၌ အမေးအဖြေ အချေအတင် ပုံစံအတွက် အတုခိုးစရာ နမူနာများ အလုံအလောက်ရှိနေသည်။ ယင်းတို့ကား အမေးအဖြေ ပုံစံ ဖြင့် ရှိနေသော ဗုဒ္ဓဒေသနာတော်များ ဖြစ်ပေသည်။ ရှင်နာဂသေနသည် အမေကျော်ပြီး ဒွေးတော် လွမ်းမည် မဟုတ်ပေ။ သူ၏ အမေဖြစ်သည့် ဗုဒ္ဓဒေသနာတော်များ သူ ့ရှေ့၌ အရံသင့် ရှိနေသည်။ သူ့ လက်တစ်ကမ်း၌ ရှိသည့် ပုံစံ နမူနာများကို ဥပေက္ခာပြုလျက် သူနှင့် အလှမ်း ဝေးလှသည့် ဂရိယဉ်ကျေးမှုကို အထင်ကြီးသည် ဆိုသော အဓိပ္ပာယ်မှာ လုံးဝ မသင့်လျော်ပေ။ အမှန်မှာ မိလိန္ဒပဉှာ ရေးဟန်ပုံစံ၏ မြစ်ဖျားခံရာမှာ ဘုရားဟောဒေသနာတော် ဖြစ်သည့် ပါဠိ ပိဋကတ်တော်ပင် ဖြစ်လေသည်။ ဒီဃနိကာယ် ‘ပါယာသိသုတ်”ကဲ့သို့သော အမေးအဖြေ အချေ အတင်ပုံစံဖြင့် ဟောထားသော ဒေသနာတော်များသည် မိလိန္ဒပဉှာ၏ မြစ်ဖျားခံရာ ဖြစ်လေ သည်။ မိလိန္ဒပဉှာသည် အရှင်မဟာမောဂ္ဂလိပုတ္တတိဿ၏ ကထာဝတ္ထု၊ သြဇာလွှမ်းမိုးမှု အထိုက် အလျောက် ခံရသည်ဟူ၍လည်း ဆိုနိုင်သည်။
သမိုင်းအမြင်အရ ကြည့်လျှင်၊ အထူးအားဖြင့် ပါဠိစာပေ သမိုင်းအမြင်အရ ကြည့်လျှင် မိလိန္ဒာပဉှာ၏ အရေးပါ အရာရောက်မှုမှာ ထူးခြားလှပေသည်။ မိလိန္ဒပဉှာတွင် ပါဠိ တိ ပိဋကတ် ကျမ်းဂန်များ၏ အမည်နာမ အများအပြားကို ထုတ်ဖော် ရေးပြထားသည်။ နိကာယ် ငါးရပ်နှင့် အဘိဓမ္မာ ခုနစ်ကျမ်းကိုလည်းကောင်း၊ ယင်းကျမ်းဂန်များမှ ကောက်နုတ်ချက်၊ ထုတ်နုတ်ချက်များကို လည်းကောင်း ဖော်ပြထားပေသည်။ ယင်းကိုထောက်လျက် ပါဠိ တိ ပိဋကတ်သည် ဘီစီ ပထမ ရာစုနှစ်လောက်ကလည်း ယခုအတိုင်း ရှိခဲ့သည်ဆိုသည်မှာ ထင်ရှား သိသာလှသည်။
မိလိန္ဒပဉှာ၌ နေရာဒေသ များစွာတို့၏အကြောင်း ပါသည်။ အလဆန္ဒ (အလက်ဇန္ဒရီးယား)၊ ယဝန (ဂရိ၊ ဗက်ကတရိယား)၊ ဘရုသစ္စ (ဘရောက်ကျိ)၊ စိန (တရုတ်)၊ ဂန္ဓာရ၊ ကလိင်္ဂ၊ ဂဇင်္ဂလာ၊ ကောသလ၊ မဓုရာ (မထုရာ)၊ သာဂလ၊ သာဂတ၊ သောရဋ္ဌ (ဆောက်ရာရှတရ)၊ ဗာရာဏသီ၊ ဝင်္ဂ တက္ကောလ၊ ဥဇ္ဇေနီ စသော နေရာဒေသများကို မိလိန္ဒပဉှာ၌ တွေ့ရသည်။ ယင်းအချက်များကို လေ့လာကြည့်လျှင် ထိုခေတ်က ဇမ္ဗူဒိပ်ကျွန်း၏ ပထဝီဝင် အနေအထား ကို သိရှိနိုင်သည်။
မိလိန္ဒာပဉှာ၌ ဗုဒ္ဓ အဘိဓမ္မာရေးရာများဖြစ်သော အနတ္တဝါဒ၊ ကံ၊ ဘဝတစ်ပါး၊ နာမ်၊ ရုပ်၊ နိဗ္ဗာန် စသော အကြောင်းအရာများကို ဥပမာ ဥပမေယျတို့ဖြင့် ရှင်းလင်းပြတ်သားစွာ ရေးသား ဖော်ပြထားသည်။ ယင်း ဗုဒ္ဓအဘိဓမ္မာဆိုင်ရာ ရှင်းလင်းဖော်ပြချက်များလောက် တိကျကောင်း မွန်သည့် ရှင်းလင်းဖော်ပြချက် ပါဠိပိဋကတ်စာပေ တစ်ခုလုံး၌ ဗုဒ္ဓဟောကြားချက်မှ တစ်ပါး အခြားမရှိဟု ပညာရှင်များက ယူဆကြလေသည်။ သို့ဖြစ်၍ ဗုဒ္ဓအဘိဓမ္မာနှင့် ဗုဒ္ဓစာပေ လေ့လာ သင် ကြားသူများ အတွက် မိလိန္ဒပဉှာကို မလေ့လာရသေးလျှင် ပြီးပြည့်စုံပြီဟု မဆိုသာချေ။
အချုပ်အားဖြင့် ပြောရလျှင် မိလိန္ဒပဉှာသည် တရားဓမ္မ၊ အဘိဓမ္မာ စာပေ၊ ရာဇဝင်၊ သမိုင်း ပထဝီဝင်မှ စ၍ မည်သည့် အမြင်ဖြင့် ကြည့်ကြည့် ဗုဒ္ဓဘာသာ စာပေသမိုင်း၌ အလွန်တရာ အရေ ပါအရာရောက်သော ကျမ်းတစ်ဆူ ဖြစ်ပေသည်။

နှလုံးလှ စာတည်းအဖွဲ့

အခန်း ၁ - ပုဗ္ဗယောဂ ကဏ္ဍ

ရဟန်းဘဝ ရဟန်းအဖြစ် မဟုတ်ဘဲနှင့်လည်း တရားထူးကို ရရှိခံစား နိုင်ပေ၏၊ ဓမ္မစက္ကသုတ်၊ အနတ္တလက္ခဏသုတ်၊ မဟာသမယသုတ် စသည် ကို မြတ်စွာဘုရား ဟောကြားတော်မူရာ၌ ရဟန်းမဟုတ်သော နတ်ဗြဟ္မာ များစွာတို့ နာကြားရသဖြင့် တရားထူးကို ရရှိခံစားရသည် မဟုတ်လော။

ဤမိလိန္ဒပဉှာကျမ်းကို မှတ်တမ်းတင်ခဲ့သော ကျွန်ုပ်သည် ဤသို့ တစ်ဆင့်စကား ကြားနာရဖူပါ၏။

ကဿပမြတ်စွာဘုရား၏ သာသနာတော်ဝယ် ဂင်္ဂါမြစ်အနီးရှိ ကျောင်းတိုက်ကြီးတစ်ခု၌ ရသေ့ သံဃာ မြောက်မြားစွာတို့ သီတင်းသုံးကြ၏။ ထို ရဟန်းသံဃာတို့သည် ဝတ်ကြီးဝတ်ငယ် နှင့် ပြည့်စုံကြကုန်၏။ အကျင့်သီလ ဖြူစင်ကြကုန်၏။ နံနက်စောစော ကျိန်းစက်ရာမှ ထလာ ကြပြီးလျှင် ကဿပမြတ်စွာဘုရားရှင်၏ ဂုဏ်တော်၊ ကျေးဇူးတော်တို့ကို ဆင်ခြင်အောက်မေ့ ကာ အရိုးရှည် တံမြက်စည်းတို့ဖြင့် ကျောင်းတလင်းပြင်၌ တံမြက်လှည်းကြကုန်၏။ အမှိုက် သရိုက်များကို စုပုံကြကုန်၏။ ထိုစဉ်တွင် ရဟန်းတစ်ပါးက “သာမဏေ၊ လာလော့၊ ဤအမှိုက် သရိုက်များကို စွန့်ပစ်ချေလော့'ဟု သာမဏေတစ်ပါးအား စေခိုင်း၏။ သာမဏေသည် မကြား ဟန်ပြုကာ တစ်နေရာသို့ ထွက်ခွာသွား၏။ ရဟန်းသည် “ဤသာမဏေကား အပြောရခက်စွ တကား'ဟု အမျက်ထွက်၍ တံမြက်စည်းရိုးနှင့် ရိုက်လိုက်၏။ ဤတွင်မူ သာမဏေသည် ရဟန်း ကို ကြောက်ရွံ့သဖြင့် မျက်ရည်ရွှဲစို ငိုကြွေးလျက် အမှိုက်သရိုက်များကို လူသူလေးပါး ကင်း လွတ်ရာသို့ သွား၍ စွန့်ပစ်၏။ ထိုသို့ စွန့်ပစ်စဉ် ‘ဤသို့ အမှိုက်သရိုက်များ စွန့်ပစ်ရသော ကုသိုလ်ကောင်းမှုကြောင့် ငါသည် နိဗ္ဗာန်မရသေးမီ ဖြစ်လေရာရာ ဘဝတိုင်း၌ မွန်းတည့်နေ ကဲ့သို့ ဘုန်းတန်ခိုးကြီးသူ ဖြစ်ရပါလို၏”ဟု ဆုတောင်း၏။ ထို့နောက် ဂင်္ဂါမြစ်ဆိပ်သို့ ရေချိုး ရန် သွားရောက်၍ တဝုန်းဝုန်း မြည်ဟည်း၍ စီးဆင်းနေကြသော ဂင်္ဂါမြစ်၏ လှိုင်းတံပိုးတို့ကို မြင်ရသောအခါ “ငါသည် ဖြစ်လေရာဘဝတိုင်း၌ ဤလှိုင်းတံပိုးတို့ကဲ့သို့ အရှိန်အဟုန် ကြီးမား လှသော၊ မကုန်နိုင် မခန်းနိုင်သော ဉာဏ်ပညာရှိသူ ဖြစ်ရပါလို၏”ဟု ထပ်မံ၍ ဆုတောင်းပြန် လေသည်။

သာမဏေကို စေခိုင်းခဲ့သော ရဟန်းသည်လည်း တံမြက်စည်းကို နေရာတကျထားပြီးလျှင် ဂင်္ဂါမြစ်သို့ ရေချိုးရန်သွားရောက်လေရာ သာမဏေဆုတောင်းနေသည်ကို ကြားသိရ၏။ ဤတွင် ရဟန်းသည် “ငါစေခိုင်းမှ လုပ်ကိုင်ရသော သာမဏေသည်ပင် ဤသို့ ဆုတောင်းသေး၏။
ဦးဆောင်ဦးရွက် ပြုခဲ့ရသော ငါသည်လည်း အဘယ်မှာ ဆုတောင်း၍ မပြည့်စုံဘဲ ရှိပါမည်နည်း”ဟု တွေးတောကာ “ငါသည် နိဗ္ဗာန်မရောက်သေးမီ ဖြစ်လေရာရာဘဝတိုင်း၌ ဂင်္ဂါမြစ်၏ လှိုင်းတံပိုး ကဲ့သို့ မကုန်နိုင်မခန်းနိုင် ဉာဏ်ပညာရှိသူ ဖြစ်ရပါလို၏။ ဤသာမဏေ မေးတိုင်း မေးတိုင်းသော ပြဿနာအားလုံးကို ဖြေရှင်းနိုင်စွမ်းရှိသူ ဖြစ်ရပါလို၏'ဟု ဆုတောင်းလေသည်။

ထိုသာမဏေနှင့် ရဟန်းတို့သည် ထိုဘဝမှ စုတေလတ်သော် လူ့ပြည်နတ်ရပ် ကောင်းမြတ်သော ဘုံဌာနတို့၌ လှည့်လည်စံပျော်ကာ ကျွန်ုပ်တို့ဘုရားရှင်၏ လက်ထက်တော်သို့ ဆိုက်လာကြ၏။ ကျွန်ုပ်တို့ ဘုရားရှင်သည် တတိယသင်္ဂါယနာကို ဦးဆောင်ဦးရွက် ပြုလုပ်မည့် အရှင်မောဂ္ဂလိ ပုတ္တတိဿအား ဗျာဒိတ်စကား မိန့်ကြားတော်မူသကဲ့သို့ပင် ဤပညာရှင်နှစ်ဦးနှင့်ပတ်သက်၍ လည်း ဗျာဒိတ်စကား မိန့်ကြားတော်မူပေသည်။ “ငါဘုရား ပရိနိဗ္ဗာန်စံဝင်ပြီးနောက် နှစ်ပေါင်း ငါးရာကျော်လွန်သောအခါ ထိုသူနှစ်ဦးတို့သည် လူ ့ပြည်၌ ဖြစ်ပေါ်လာကြကုန်လတ္တံ့ ။ သိမ်မွေ့စွာ ဟောကြားထားသော ငါဘုရား၏ သုတ်၊ အဘိဓမ္မာ၊ ဝိနည်းတရားတော်တို့ကို အမေး အဖြေ ပြုလုပ်ကာ ဥပမာအမျိုးမျိုးပြ၍ ဝေဖန်ဆွေးနွေးကြကုန်လတ္တံ့”ဟု ဗျာဒိတ်စကား မြွက်ကြားတော် မူလေသည်။သာဂလမြို့တော်ထိုကောင်းမှုရှင် နှစ်ဦးတို့တွင် သာမဏေသည် ဇမ္ဗူဒိပ်ကျွန်း၊ ယောနကတိုင်း၊ သာဂလမြို့၌ မိလိန္ဒမင်း ဖြစ်လာ၏။ မိလိန္ဒမင်း၏ ထီးနန်းစိုးစံရာ သာဂလမြို့ ကား မြစ်ချောင်း တောင်တန်း တို့ဖြင့် တင့်တယ်လှ၏။ မြို့၏ မြေမျက်နှာသည် မွေ့ လျော်ဖွယ်ရှိ၏။ မြို့၏ ထက်ဝန်းကျင်၌ ဥယျာဉ်များ၊ တောင်တန်းများ၊ တစ်ဖက်ဆည်ကန်များ၊ လေးထောင့်ကန်များ အစီအရီ ရှိကြ ကုန်၏။ ပြအိုးနှင့် တံခါးမုခ်တို့သည် အထူးထူး အပြားပြား ဆန်းကြယ်ကုန်၏။ မြဲမြံ ခိုင်ခံ့ ကုန်၏။ တံခါးခုံတို့သည် အလွန်တရာ ကောင်းမွန်ကုန်၏။ နန်းမြို့ တော်ကို နက်လှစွာသော ကျုံးနှင့် ဖွေးဖွေးဖြူသော မြို့ရိုးဖြင့် ဝိုင်းရံထား၏။ လမ်းမ၊ လမ်းသွယ်၊ လမ်းဆုံတို့ကို နှစ် တကျ တိုင်းတာ ဖောက်လုပ်ထား၏။ မြို့တော်အတွင်းရှိ ဈေးရုံတော်ကြီးတွင် အဖိုးထိုက် အဖိုးတန် ကုန်ပစ္စည်းများ ခင်းကျင်းထား၏။ မြို့ တော်တစ်ဝန်းလုံးတွင် အလှူမဏ္ဍပ်များ တင့် တယ်စွာ ရှိကြကုန်၏။ အသိန်းအသောင်းမျှသော နန်းဆောင်တို့သည် ဟိမဝန္တာတောင်ထွတ် တို့ကဲ့သို့ ခန့်ထည် မြင့်မားကုန်၏။ ဆင်၊ မြင်း၊ ရထားနှင့် ခြေကျင်စစ်သားတည်းဟူသော စစ် အင်္ဂါ လေးပါးတို့က မြို့တော်ကို ရန်သူတို့ မတိုက်ခိုက်နိုင်အောင် စောင့်ကြပ်လျက် ရှိကြကုန်၏။ မင်း၊ ပုဏ္ဏား၊ ကုန်သည်၊ ဆင်းရဲသားတို့နှင့်တကွ အမျိုးမျိုးသော သမဏ၊ ဗြာဟ္မဏတို့ မှီတင်း ' နထိုင်ကြကုန်၏။ စပါး၊ ဆန်၊ ရေ၊ ရတနာ ရွှေ ငွေတို့ ပြည့်စုံကုံလုံစွာ ရှိကြကုန်၏။

ထိုကောင်းမှုရှင် နှစ်ဦးတို့တွင် သာမဏေသည် ဇမ္ဗူဒိပ်ကျွန်း၊ ယောနကတိုင်း၊ သာဂလမြို့၌ မိလိန္ဒမင်း ဖြစ်လာ၏။ မိလိန္ဒမင်း၏ ထီးနန်းစိုးစံရာ သာဂလမြို့ ကား မြစ်ချောင်း တောင်တန်း တို့ဖြင့် တင့်တယ်လှ၏။ မြို့၏ မြေမျက်နှာသည် မွေ့ လျော်ဖွယ်ရှိ၏။ မြို့၏ ထက်ဝန်းကျင်၌ ဥယျာဉ်များ၊ တောင်တန်းများ၊ တစ်ဖက်ဆည်ကန်များ၊ လေးထောင့်ကန်များ အစီအရီ ရှိကြ ကုန်၏။ ပြအိုးနှင့် တံခါးမုခ်တို့သည် အထူးထူး အပြားပြား ဆန်းကြယ်ကုန်၏။ မြဲမြံ ခိုင်ခံ့ ကုန်၏။ တံခါးခုံတို့သည် အလွန်တရာ ကောင်းမွန်ကုန်၏။ နန်းမြို့ တော်ကို နက်လှစွာသော ကျုံးနှင့် ဖွေးဖွေးဖြူသော မြို့ရိုးဖြင့် ဝိုင်းရံထား၏။ လမ်းမ၊ လမ်းသွယ်၊ လမ်းဆုံတို့ကို နှစ် တကျ တိုင်းတာ ဖောက်လုပ်ထား၏။ မြို့တော်အတွင်းရှိ ဈေးရုံတော်ကြီးတွင် အဖိုးထိုက် အဖိုးတန် ကုန်ပစ္စည်းများ ခင်းကျင်းထား၏။ မြို့ တော်တစ်ဝန်းလုံးတွင် အလှူမဏ္ဍပ်များ တင့် တယ်စွာ ရှိကြကုန်၏။ အသိန်းအသောင်းမျှသော နန်းဆောင်တို့သည် ဟိမဝန္တာတောင်ထွတ် တို့ကဲ့သို့ ခန့်ထည် မြင့်မားကုန်၏။ ဆင်၊ မြင်း၊ ရထားနှင့် ခြေကျင်စစ်သားတည်းဟူသော စစ် အင်္ဂါ လေးပါးတို့က မြို့တော်ကို ရန်သူတို့ မတိုက်ခိုက်နိုင်အောင် စောင့်ကြပ်လျက် ရှိကြကုန်၏။ မင်း၊ ပုဏ္ဏား၊ ကုန်သည်၊ ဆင်းရဲသားတို့နှင့်တကွ အမျိုးမျိုးသော သမဏ၊ ဗြာဟ္မဏတို့ မှီတင်း ' နထိုင်ကြကုန်၏။ စပါး၊ ဆန်၊ ရေ၊ ရတနာ ရွှေ ငွေတို့ ပြည့်စုံကုံလုံစွာ ရှိကြကုန်၏။

အာဠကမန္ဒာ နတ်မြို့တော်နှင့် တူလှစွာသော ထိုသာဂလမြို့ တော်၌ ထီးနန်းစိုးစံသော မိလိန္ဒမင်း သည်ကား ဉာဏ်ပညာရှိ၏။ အမှုကိစ္စများစွာတို့၌ ကျွမ်းကျင်လိမ္မာ၏။ ထိုးထွင်းဉာဏ်ရှိ၏။ တစ်စုံတစ်ခုသော အမှုကိစ္စကို အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကာလသုံးတန်ဖြင့် ဝေဖန် သုံးသပ် ပြီးမှ ပြုလုပ်လေ့ရှိ၏။ ပညာဖြင့် စူးစမ်းဆင်ခြင်ပြီးမှ ပြုလုပ်လေ့ရှိ၏။ သုတိ၊ သမိတိ၊ သင်္ချာ စသော တစ်ဆယ့်ရှစ်ရပ်သော ကျမ်းဂန်များနှင့်တကွ ဘုရားဟော ပိဋကတ် ကျမ်းဂန်တို့ကိုပါ သင်ကြားတတ်မြောက်ထား၏။ ပညာရှိတို့၏ စိတ်နှလုံးကို တုန်လှုပ် ချောက်ချားသွားစေရန် ပြောဆိုနိုင်စွမ်းရှိ၏။ ဇမ္ဗူဒိပ်ကျွန်းတစ်ခုလုံးတွင် မိလိန္ဒမင်းနှင့် တူမျှသော ဉာဏ်ပညာကြီးမားသူ၊ ရဲစွမ်းသတ္တိ ထက်မြက်သူဟူ၍ တစ်စုံတစ်ယောက်မျှ မရှိတော့ချေ။

တစ်နေ့သ၌ မိလိန္ဒမင်းသည် သာဂလမြို့ မှ ထွက်ခွာ၍ စစ်သည်ဗိုလ်ပါ၊ ဆင်ယာဉ်၊ မြင်း ယာဉ်တို့ဖြင့် ခင်းကျင်းပြသသော စစ်ရေးပြပွဲကို ကြည့်ရှုပြီးလျှင် နေကို မော်၍ ကြည့်ရှုကာ “အချင်း အမတ်တို့၊ အချိန်များစွာ ကျန်ရှိနေသေး၏။ အဘယ်ကို ငါတို့ ပြုကြကုန်အံ့နည်း။ မိမိ ကိုယ်ကို ဘုရားဟူ၍ ဝန်ခံရဲသော သမဏ၊ ဗြာဟ္မဏ တစ်စုံတစ်ယောက်ရှိပါလျှင် ယခုပင်လျှင် မြို့တွင်းသို့ ဝင်ရောက်ကြကုန်အံ့။ ထိုသူတို့ထံသို့ ချဉ်းကပ်၍ သိလိုရာရာ ပြဿနာများကို မေး မြန်းကြကုန်အံ့။ ယုံမှားသင်္ကာကို ပယ်ဖျောက်ကြကုန်အံ့”ဟု မိန့်ဆိုလေသည်။

ဤသို့ မိန့်ဆိုသောအခါ ယောနကတိုင်းမှ အမတ်ငါးရာတို့က ဤသို့ လျှောက်တင်ကြကုန် ၏။ “အရှင်မင်းမြတ်၊ ပုရဏကဿပ၊ မက္ခလိဂေါသာလ၊ နိဂဏ္ဌနာဋပုတ္တ၊ သဉ္စယဗေလဋ္ဌပုတ္တ၊ အဇိတကေသကမ္ဗလ၊ ပကုဓကစ္စာယန ဟူသော ဂိုဏ်းဆရာကြီး ခြောက်ဦးတို့၏ တပည့်အစဉ် အဆက်တို့သည် ထိုဂိုဏ်းဆရာကြီးတို့၏ အမည်ဖြင့်ပင် ဆက်လက်၍ ထင်ရှားစွာ ရှိနေကြပါ ၏။ ထိုဂိုဏ်းဆရာကြီး ခြောက်ဦးတို့သည် တပည့်ပရိသတ် ပေါများကြကုန်၏။ ဂိုဏ်းဆရာကြီး များအဖြစ်ဖြင့် ထင်ရှားကြကုန်၏။ ဂုဏ်သတင်းအားဖြင့် ကျော်စောကြပါကုန်၏။ လူများစွာ တို့က သူတော်သူမြတ်များဟု သူတို့ကို သတ်မှတ်ထားကြပါကုန်၏။ အရှင်မင်းမြတ်သည် ထို ဂိုဏ်းဆရာကြီးများထံ ချဉ်းကပ်၍ အမေးပုစ္ဆာများ မေးမြန်းတော်မူပါဘုရား”ဟု လျှောက်တင်ကြ လေသည်။

ထိုအခါ မိလိန္ဒမင်းသည် ယောနက အမတ် ငါးရာတို့ ခြံရံလျက် မြင်းရထားစီးကာ ပုရဏကဿပ ထံသို့ ချဉ်းကပ်၏။ ပုရဏကဿပနှင့် အတူတကွ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်စကား ပြော ဆို၏။ အသက်ထက်ဆုံး အောက်မေ့ဖွယ်ရာ သာယာချေငံစွာ စကားပြောဆို၏။ ထို့နောက် သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်ပြီးလျှင် “အရှင် ကဿပ၊ လောကကို အဘယ်အရာ က စောင့်ရှောက်ထားပါသနည်း”ဟု မေးမြန်း၏။ “မင်းမြတ်၊ လောကကို မြေကြီးက စောင့်ရှောက် ထား၏”ဟု ပုရဏကဿပက ဖြေကြား၏။ “အရှင်ကဿပ၊ မြေကြီးက လောကကို စောင့်ရှောက်

ထားပါလျှင် ငရဲသို့ ကျသောသူသည် အဘယ့်ကြောင့် မြေကြီးကို ကျော်လွန်၍ ကျရောက်လာ နိုင်ပါသနည်း”ဟု မိလိန္ဒမင်းက ထပ်ဆင့်၍ မေး၏။ ဤတွင် ပုရဏကဿပသည် မထွေးနိုင် မမျိုနိုင်ဖြစ်ကာ မျက်နှာအောက်ချ၍ နေရလေတော့သည်။ ဦးခေါင်းငိုက်စိုက်ဖြင့် တိတ်ဆိတ်စွာ နေရလေတော့သည်။

ထို့နောက် မိလိန္ဒမင်းသည် မက္ခလိဂေါသာလထံသို့ ချဉ်းကပ်ပြီးလျှင် “အရှင် ဂေါသာလ၊ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့ ရှိကြပါသလော၊ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ အကျိုးတရား တို့ ရှိကြပါကုန်သလော”ဟု မေးပြန်၏။ ဤတွင် မက္ခလိဂေါသာလက “မင်းမြတ်၊ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့ မရှိကြကုန်။ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ အကျိုးတရားတို့ မရှိကြကုန်။ မင်းမြတ်၊ ဤဘဝမှ တမလွန်ဘဝသို့ ပြောင်းရွှေ့ကြရသော်လည်း မင်းမျိုးတို့သည် မင်းမျိုးတို့

သာ

ဖြစ်ကြရကုန်၏။ ပုဏ္ဏား၊ ကုန်သည်၊ ဒွန်းစဏ္ဍားတို့သည်လည်း ဖြစ်မြဲတိုင်းသာ ဖြစ်ကြ ရကုန်၏။ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့ဖြင့် အဘယ်အကျိုး ရှိပါအံ့နည်း”ဟု ဖြေဆို၏။ “အရှင် ဂေါသာလ၊ အမျိုးလေးပါးတို့သည် ရှေးဘဝက အတိုင်းသာ တမလွန်ဘဝ၌ ဖြစ်ကြလျှင် ကုသိုလ်ကံ၊ အကုသိုလ်ကံတို့ဖြင့် ပြုဖွယ်ကိစ္စ မရှိခဲ့ပါလျှင် ယခင်ဘဝ၌ လက်ပြတ်ခဲ့သောသူ တို့သည် တမလွန်ဘဝ၌လည်း လက်ပြတ်သူတို့ပင် ဖြစ်နေရပေလိမ့်မည် တကား။ ခြေပြတ်ခဲ့သူ တို့လည်း ခြေပြတ်သူတို့ပင် ဖြစ်နေရပေလိမ့်မည် တကား။ ခြေရော လက်ပါ ပြတ်သောသူ၊ နား ပြတ်သောသူ၊ နှာခေါင်းပြတ်သောသူတို့သည် ယခင် ဘဝအတိုင်းသာ ရှိနေရပေလိမ့်မည် တကား ဟု မိလိန္ဒမင်းက ပြန်လည် ပြောဆို၏။ မက္ခလိဂေါသာလသည် ဤစကားကို မချေပနိုင်သဖြင့် နှုတ်ပိတ်၍သာ နေရလေတော့သည်။

ထိုအခါ မိလိန္ဒမင်းသည် “ဇမ္ဗူဒိပ်ကျွန်းသည် အချည်းနှီး ဖြစ်လေစွတကား၊ ဇမ္ဗူဒိပ်ကျွန်းသည် အဖျင်းအတိသာ ဖြစ်လေစွတကား။ သိလိုရာကို မေးမြန်းရန်၊ ယုံမှားသင်္ကာကို ပယ်ဖျောက်ရန် သမဏ၊ ဗြာဟ္မဏ တစ်စုံတစ်ယောက်မျှ မရှိချေတကား'ဟု စဉ်းစားမိ၏။

ထို့နောက် အမတ်တို့ထံ မျက်နှာမူကာ “အချင်းတို့၊ ညဉ့်သည် ညစ်ညူးခြင်းတို့ ကင်းစင်၍ မွေ့ လျော်ဖွယ် ရှိပေစွ၊ ယခုအခါ၌ ငါသည် အဘယ်မည်သော သမဏ၊ ဗြာဟ္မဏတို့ထံ ချဉ်းကပ် ကာ သိလိုရာရာကို မေးမြန်းရပါမည်နည်း။ အဘယ် သမဏ၊ ဗြာဟ္မဏသည် ငါနှင့်အတူ စကား ဖက်ပြိုင်၍ ပြောဆိုနိုင်ပါလိမ့်မည်နည်း။ အဘယ် သမဏ၊ ဗြာဟ္မဏသည် ယုံမှားသင်္ကာကို ပယ်ဖျောက်၍ ပေးပါလိမ့်မည်နည်း”ဟု ညည်းတွား၏။ ထိုအခါ အမတ်တို့သည် လျှောက်တင် စရာ မတွေ့သဖြင့် မိလိန္ဒမင်း၏ မျက်နှာကိုသာ မော်၍ ကြည့်နေကြရလေတော့သည်။

ထိုအချိန်မှစ၍ သာဂလမြို့ တော်သည် ပညာရှိသော သမဏ၊ ဗြာဟ္မဏများနှင့် ကုန်သည် များကင်းဆိတ်သွား၏။ တစ်နေရာ၌ ပညာရှိ တစ်ဦးဦး ရှိနေသည်ဟု သတင်းကြားလျှင် မိလိန္ဒမင်း သည် ပညာရှိထံ ချဉ်းကပ်၍ သိလိုရာရာကို မေးမြန်း၏။ ပညာရှိပုဂ္ဂိုလ်တို့ကား မိလိန္ဒ

ကျေနပ်သွားလောက်အောင် မဖြေကြားနိုင်သဖြင့် အရပ်တစ်ပါးသို့ ပြောင်းသွားကြရကုန်၏။ မပြောင်းနိုင်၊ မရွှေ့နိုင်သော ပညာရှိတို့သည်လည်း တိတ်တဆိတ် နှုတ်ပိတ်၍သာ နေကြရ၏။ ရဟန်းတို့သည်ကား များသောအားဖြင့် ဟိမဝန္တာတောသို့ ကြွသွားကြရ၏။

ထိုသို့ သာဂလ မြို့တော်၌ ပညာရှိများ ဆိတ်သုဉ်းသွားသောအခါ ရဟန္တာပုဂ္ဂိုလ်တို့သည် ဟိမဝန္တာ တောင်၊ ရက္ခိတကုန်းပြင်၌ သီတင်းသုံးကြကုန်၏။ ထိုအခါ အရှင်အဿဂုတ္တသည် မိလိန္ဒမင်း၏ အထက်ပါ ညည်းတွားသံကို ဒိဗ္ဗသောတအဘိညာဉ်ဖြင့် ကြားသိရသဖြင့် ယုဂန္ဓိုရ်တောင်ထိပ်၌ ရဟန်းတို့ကို အစည်းအဝေး ခေါ်လိုက်၏။ ရဟန်းသံဃာများ အစုံအညီ စည်းဝေးမိသောအခါ အရှင်အဿဂုတ္တက “ရဟန်းတို့၊ မိလိန္ဒမင်းနှင့် ယှဉ်ပြိုင်ပြောဆိုနိုင်သော၊ မိလိန္ဒမင်း၏ ယုံမှား သင်္ကာကို ပယ်ဖျောက်ပေးနိုင်သော ရဟန်းတစ်ပါးပါး ရှိပါ၏လော”ဟု မေးမြန်း၏။ ထိုအခါ ရဟန္တာပုဂ္ဂိုလ်များစွာတို့သည် နှုတ်ဆိတ်၍သာ နေကြကုန်၏။ နှစ်ကြိမ်မှ သုံးကြိမ်အထိ ဆက်၍ မေးသော်လည်း ဆိတ်ဆိတ်သာလျှင် နေကြကုန်၏။ ထိုအခါ အရှင်အဿဂုတ္တက “ငါ့ရှင်တို့၊ တာဝတိံသာနတ်ပြည်ရှိ သိကြားမင်း စိုးစံရာ ဝေဇယန္တာ ဘုံဗိမာန်၏ အရှေ့ဘက်၌ ကေတုမတီ မည်သော ဗိမာန်တစ်ခု ရှိ၏၊ ထိုဗိမာန်၌ မဟာသေနမည်သော နတ်သား စိုးစံနေထိုင်၏။ ထို မဟာသေန နတ်သားသည် မိလိန္ဒမင်းနှင့် ယှဉ်ပြိုင်၍ စကားပြောဆိုနိုင်ရာ၏။ မိလိန္ဒမင်း၏ ယုံမှားသင်္ကာကို ပယ်ဖျောက်ပေးနိုင်ရာ၏”ဟု မိန့်ကြား၏။

ထို့နောက် ရဟန္တာများစွာတို့သည် ယုဂန္ဓိုရ်တောင်ထိပ်မှ တာဝတိံသာနတ်ပြည်သို့ ကြွလာ ကြကုန်၏။ သိကြားမင်းသည် ကြွလာသော ရဟန်းတို့ကို အဝေးမှပင် လှမ်း၍မြင်ကာ အရှင် အဿဂုတ္တထံ ချဉ်းကပ်ကာ ရိုသေစွာရှိခိုး၍ သင့်လျော်ရာအရပ်၌ ရပ်နေပြီးလျှင် “အရှင်ဘုရား၊ ရဟန်းသံဃာ မြောက်မြားစွာတို့ ကြွလာတော်မူကြပါကုန်၏၊ တပည့်တော်သည် သံဃာတော် တို့၏ အရံအစောင့် ဖြစ်ပါ၏၊ အဘယ်သို့သော ဝတ္ထုပစ္စည်း အလိုရှိတော်မူကြပါသနည်း။ တပည့်တော်သည် အဘယ်အမှုကို ပြုလုပ်၍ ပေးရပါမည်နည်း”ဟု လျှောက်ထားလေ၏။

ထိုအခါ အရှင် အဿဂုတ္တက “မင်းမြတ်၊ ဇမ္ဗူဒိပ်ကျွန်း၊ သာဂလမြို့ တော်၌ စိုးစံနေထိုင်သော မိလိန္ဒမင်းသည် ရဟန်းသံဃာကို အမေးပုစ္ဆာများ မေးမြန်း၍ နှိပ်စက်ညှဉ်းဆဲနေပါ၏”ဟု မိန့်ဆို၏။

ထိုအခါ သိကြားမင်းက “အရှင်ဘုရား၊ ထို မိလိန္ဒမင်းသည် ဤတာဝတိ ံသာ နတ်ပြည်မှ စုတေ၍ လူ့ပြည်သို့ လာရောက်သူ ဖြစ်ပါ၏။ ကေတုမတီ မည်သော ဘုံဗိမာန်၌ နေထိုင်သော မဟာသေန နတ်သားသည်ကား ထိုမိလိန္ဒမင်းနှင့် ယှဉ်ပြိုင်၍ စကားပြောဆိုနိုင်ပါလိမ့်မည်။မိလိန္ဒမင်း ၏ ယုံမှားသင်္ကာကို ပယ်ဖျက်၍ ပေးနိုင်ပါလိမ့်မည်။ ထို နတ်သားကို လူ့ပြည်သို့ လားရောက်ရန် တောင်းပန်ကြပါကုန်စို့”ဟု လျှောက်ထား၏။

ထို့နောက် သိကြားမင်းသည် ရဟန်းသံဃာကို ရှေ့ဆောင်၍ ကေတုမတီ ဘုံဗိမာန်သို့ ဝင် ရောက်ပြီးလျှင် မဟာသေန နတ်သားကို လည်ပင်းဖက်၍ ‘ချစ်ဆွေ မဟာသေန၊ သင့်ကို ရဟန်း

သံဃာက လူ့ပြည်ကို လားရောက်ရန် တိုက်တွန်းပါ၏”ဟု ပြောဆို၏။ “အရှင် သိကြားမင်း၊ ကျွန်ုပ်သည် လူမှုကိစ္စ မြားမြောင်လှသော လူ ့ပြည်ကို လားရောက်ရန် အလိုမရှိပါ။ လူ ့ပြည် လောကသည် လောဘ စသော ကိလေသာတို့ ထက်သန် ထူပြောလှပါပေ၏။ ဤနတ်ပြည်၌ပင် ဘုံစဉ်စံကာ ပရိနိဗ္ဗာန် စံဝင်လိုပါ၏'ဟု ပြောဆို၏။ သိကြားမင်းက နှစ်ကြိမ်မှ သုံးကြိမ်ထိ တိုက်တွန်း ပြောဆိုပါသော်လည်း ငြင်းမြဲသာ ငြင်းဆိုနေ၏။

ထိုသို့ သုံးကြိမ်တိုင်တိုင် ငြင်းပယ်သောအခါ အရှင် အဿဂုတ္တက “သူတော်ကောင်း နတ်သား၊ လူ့ပြည် နတ်ပြည် နှစ်ပြည်လုံး၌ လိုက်လံ ကြည့်ရှုသောအခါ မိလိန္ဒမင်း၏ အယူဝါဒကို နှိပ်စက် ဖျက်ဆီး၍ ဘုရားရှင်သာသနာတော်ကို ချီးမြှောက်နိုင်သောသူဟူ၍ သင် နတ်သားမှတစ်ပါး အခြားသူကို ရှာ၍မရပါ။ သူတော်ကောင်း နတ်သား၊ ရဟန်းသံဃာသည် သင်နတ်သားကို တိုက်တွန်းပါ၏။ တောင်းပန်ပါ၏။ လူ ့ပြည်သို့ လားရောက်၍ ဘုရားရှင်သာသနာတော်ကို ချီးမြှောက်ပါလော့'ဟု တိုက်တွန်းပြောဆို၏။ ဤတွင် မဟာသေန နတ်သားသည် “ငါကား မိလိန္ဒမင်း၏ အယူကို ဖျက်ဆီး၍ ဘုရားသာသနာတော်ကို ချီးမြှောက်နိုင်သူ ဖြစ်ပေစွ တကား' ဟု ဝမ်းမြောက်ဝမ်းသာဖြစ်ကာ အရှင်အဿဂုတ္တ၏ တိုက်တွန်းချက်ကို လက်ခံလိုက်လေသည်။

အရှင် အဿဂုတ္တနှင့်တကွ ရဟန်းများသည် တာဝတိံသာ၌ ပြုလုပ်ဖွယ်ကိစ္စများ ပြီးစီးသွားပြီ ဖြစ်၍ ဟိမဝန္တာတောင်သို့ ပြန်ကြွလာကြ၏။ ရက္ခိတကုန်းပြင်၌ ရဟန်းသံဃာများ စည်းဝေး မိကြသောအခါ အရှင် အဿဂုတ္တက “ငါ့ရှင်တို့၊ ဤအစည်းအဝေးကို မတက်ရောက်သော ရဟန်း တစ်ပါးပါး ရှိသေးသလော”ဟု မေးမြန်း၏။ ရဟန်းများက “အရှင်ဘုရား၊ ရှိပါသေးသည်။ အရှင် ရောဟဏသည် လွန်ခဲ့သော ခုနစ်ရက်မှ စတင်၍ ဟိမဝန္တာတောင်သို့ ဝင်ရောက်ကာ နိရောဓ သမာပတ် ဝင်စား၍ နေပါသည် ဘုရား”ဟု လျှောက်ထားကြ၏။ ထိုအခိုက်မှာပင် အရှင်ရောဟဏ လည်း နိရောဓသမာပတ်မှ ထလာကာ “သံဃာသည် ငါ့ကို တောင့်တ၍ နေ၏”ဟု သိရှိသဖြင့် အဘိညာဉ်တန်ခိုးဖြင့် ဟိမဝန္တာတောင်မှ ထွက်ခွာကာ ရဟန်းသံဃာများ၏ ရှေ့မှောက်သို့ ဝင် ရောက်လာလေသည်။

ထိုအခါ အရှင်အဿဂုတ္တက “ငါ့ရှင် ရောဟဏ၊ ဘုရားရှင်၏ သာသနာတော်ကြီး ပျက်စီး မည့် ဘေးရန်နှင့် ကြုံလာသောအခါ သာသနာတော်ကြီး မပျက်စီးစေရန် ရဟန်းသံဃာတို့ ပြုလုပ်ရမည့်ကိစ္စကို သင် မရှုမြင်ချေသလော”ဟု မေးမြန်းလေရာ အရှင် ရောဟဏက - “အရှင်ဘုရား၊ တပည့်တော် နှလုံးမသွင်းမိပါဘုရား”

“ယင်းသို့ဖြစ်လျှင် သင် ဒဏ်ထမ်းချေလော့

“အရှင်ဘုရား၊ ဟိမဝန္တာတောင်ခြေ၌ ဂဇင်္ဂလ မည်သော ပုဏ္ဏားရွာကြီး ရှိ၏။ ထိုရွာကြီး၌ နေထိုင်သော သောနုတ္တရ မည်သော ပုဏ္ဏား၏ အိမ်တွင် နာဂသေန အမည်တွင်မည့် သားငယ်ကို ဖွားမြင်လာလတ္တံ့ ။ ထို့ကြောင့် ငါ့ရှင် ရောဟဏသည် ထိုပုဏ္ဏားအိမ်သို့ ခုနစ်နှစ်နှင့် ဆယ်လ တို့တိုင်တိုင် ဆွမ်းခံဝင်ကာ နာဂသေန သူငယ်ကို လူ ့ဘောင်မှ ထုတ်ဆောင်၍ ရှင်သာမဏေ ပြုပေးချေလော့။ နာဂသေန သူငယ် ရှင်ဖြစ်ပြီးခါမှ သင်သည် ဒဏ်ထမ်းရခြင်းမှ လွတ်မြောက် ပေလတ္တံ့”ဟု မိန့်ကြား၏။ အရှင်ရောဟဏလည်း “ကောင်းပါပြီ အရှင်ဘုရား”ဟု ရိုသေစွာ ဝန်ခံလိုက်လေသည်။

မဟာသေန နတ်သားသည် မိမိ ဝန်ခံထားပြီးသည့်အတိုင်း သောနုတ္တရပုဏ္ဏား၏ ဇနီး ပုဏ္ဏေးမ ၏ ဝမ်း၌ ပဋိသန္ဓေ တည်နေလာ၏။ ထိုခဏ၌ပင် လက်နက်ပစ္စည်းတို့သည် အရောင်အဝါ ထွန်းတောက်ပကုန်၏။ စိုက်ပျိုးထားသော ကောက်စပါးတို့ ဝင်းမှည့် ပြည့်ဖြိုးကြကုန်၏။ မိုးကြီး သည်းထန်စွာ ရွာသွန်း၏။ ဤသို့လျှင် အံ့ဖွယ်သရဲ ထူးကဲလှစွာသော နိမိတ်ကြီး သုံးခုတို့ ဖြစ် ပေါ်လာကြကုန်။

နာဂသေန သူငယ် ပဋိသန္ဓေတည်သော နေ့မှစ၍ အရှင်ရောဟဏသည် သောနုတ္တရ ပုဏ္ဏား အိမ်သို့ ဆွမ်းခံဝင်ခဲ့၏။ သို့ရာတွင် ထိုအိမ်မှ ဆွမ်းတစ်ဇွန်းစာမျှ မရခဲ့ချေ။ ယာဂု တစ်ယောက်ချို စာမျှ မရခဲ့ချေ။ ရှိခိုးခြင်း၊ လက်အုပ်ချီခြင်း၊ အရိုအသေပြုခြင်း တို့ကိုလည်း မရရှိချေ။ ယုတ်စွ အဆုံး‘ကန်တော့ပါသေး၏”ဟူသော စကားတစ်ခွန်းကိုပင် မရခဲ့ချေ။ ထိုအပြုအမူတို့အစား ဆဲရေးခြင်း၊ ကြိမ်းမောင်းခြင်း တို့ကိုသာ ခံယူလာခဲ့ရပေသည်။ ဤသို့ဖြင့် ဆယ်လစေ့သော အခါ ပုဏ္ဏေးမသည် နာဂသေနသူငယ်ကို ဖွားမြင်လာ၏။ နာဂသေန သူငယ်သည် မိခင် ဖခင် တို့၏ ပြုစု ယုယမှုကို ခံယူကာ အစဉ်သဖြင့် ကြီးထွား၍လာလေသည်။

အရှင် ရောဟဏသည်လည်း နာဂသေန သူငယ်နှင့် တစ်စုံတစ်ရာ ဆက်စပ်မှု မရှိသေးဘဲ ဆဲရေး ခြင်း၊ ကြိမ်းမောင်းခြင်းတို့ကို သည်းခံကာ ဆွမ်းဝင်မြဲ ဝင်လျက်ရှိ၏။ နာဂသေန သတို့သား ခုနစ်နှစ်သားအရွယ်သို့ ရောက်လတ်သော် တစ်နေ့သ၌ အရှင်ရောဟဏသည် နာဂသေနတို့အိမ်မှ “အရှင်ဘုရား ကန်တော့ပါသေး၏” ဟူသော စကားတစ်ခွန်းကို မရစဖူး ရလာခဲ့၏။ ထိုနေ့ နံနက်မှာပင် သောနုတ္တရ ပုဏ္ဏားသည်လည်း တောအလုပ်မှ ပြန်လာလေရာ အရှင်ရောဟဏနှင့် ခရီး ရင်ဆိုင်ဆုံနေသဖြင့် “အသင်ရဟန်း၊ ငါတို့၏အိမ်မှ တစ်စုံတစ်ရာ ရခဲ့ပါ၏လော”ဟု မေး မြန်း၏။ အရှင်ရောဟဏက “ဒါယကာ၊ ရခဲ့ပါ၏”ဟု ဖြေဆို၏။ သောနုတ္တရ ပုဏ္ဏားသည် မိမိ အိမ်မှ ရဟန်းအား တစ်စုံတစ်ရာ လောင်းလှူလိုက်ပြီ ထင်မှတ်၍ စိတ်မချမ်းမသာဖြစ်ကာ အိမ် သို့ ပြန်လာပြီးလျှင် “ရဟန်းအား တစ်စုံတစ်ရာ လောင်းလှူမိပါသလော”ဟု အိမ်သူအိမ်သားများ ကို မေးမြန်း၏။ အိမ်သူအိမ်သားများက တစ်စုံတစ်ရာမျှ မလောင်းလှူလိုက်ကြောင်း ပြောပြကြ လေသည်။

နောက်တစ်နေ့နံနက်တွင် သောနုတ္တရ ပုဏ္ဏားသည် “ရဟန်းအား မုသာဝါဒဖြင့် စွပ်စွဲ နှိပ်စက် ရပေတော့အံ့”ဟု တွေးတောကာ အိမ်တံခါးမှ စောင့်ကြိုနေ၏။ အရှင် ရောဟဏသည်လည်း နေ့စဉ် ကြွနေကျအတိုင်း ဆွမ်းခံဝင်လာလေရာ သောနုတ္တရ ပုဏ္ဏားက “သင်ရဟန်းတို့သည် ယမန်နေ့တုန်းက ငါတို့၏ အိမ်မှ တစ်စုံတစ်ခုမျှ မရပါဘဲလျက် ရကုန်၏ ဟု ဆိုခဲ့ကြကုန်၏။ သင်ရဟန်းတို့အား မုသားပြောဆိုခြင်းသည် အပ်စပ်ပါသလော'ဟု စွပ်စွဲ ပြောဆို၏။ အရှင် ရောဟဏက “ပုဏ္ဏား၊ ငါတို့သည် သင်တို့အိမ်သို့ ခုနစ်နှစ်နှင့် ဆယ်လတို့တိုင်တိုင် ဆွမ်းခံဝင် ခဲ့ကြကုန်၏။ သို့ပါလျက် “ကန်တော့ပါသေး၏”ဟူသော စကားတစ်ခွန်းကိုမျှ မရဖူးချေ။ ယမန် နေ့ကမူကား “ကန်တော့ပါသေး၏”ဟူသော စကားတစ်ခွန်းကို မရစဖူး ရခဲ့သဖြင့် “ရကုန်၏” ဟု ငါတို့ ဆိုခဲ့ကြကုန်၏”ဟု ရှင်းလင်းမိန့်ကြားလိုက်လေသည်။

သောနုတ္တရ ပုဏ္ဏားသည် အရှင် ရောဟဏ၏ ရှင်းလင်း မိန့်ကြားချက်ကို သဘောကျသွား ၏။ “ဤရဟန်းတို့ကား “ကန်တော့ပါသေး၏”ဟူသော လောကဝတ်စကားတစ်ခွန်းကို ရရှိရုံမျှ ဖြင့်ပင် လူတို့အလယ်၌ “ရကုန်၏”ဟု ချီးမွမ်းကြကုန်သေး၏။ စားဖွယ် သောက်ဖွယ် တစ်စုံ တစ်ခုကို ရလျှင်ကား အဘယ်ဆိုဖွယ်ရာ ရှိတော့ပါမည်နည်း ́ဟု တွေးတောကာ မိမိအတွက် ချက်ထားသော ထမင်း ဟင်းတို့မှ ဆွမ်းတစ်ဇွန်းနှင့် ဟင်းအနည်းငယ်ကို လောင်းလှူစေ၏။ “ဤမျှလောက်သော ဆွမ်းကို အရှင်ဘုရားတို့အား နေ့စဉ် နေ့တိုင်း ရကြပါလိမ့်မည်”ဟုလည်း လျှောက်ထား၏။

သောနုတ္တရပုဏ္ဏားသည် နေ့စဉ်နေ့တိုင်း ဆွမ်းခံကြွလာသော အရှင် ရောဟဏ၏ တည်ကြည် ငြိမ်သက်သော ဣန္ဒြေတို့ကို ဖူးမြင်ကာ အလွန်တရာ ကြည်ညိုမြတ်နိုးလာသဖြင့် မိမိအိမ်၌သာ အမြဲတမ်း ဆွမ်းဘုဉ်းပေးရန် လျှောက်ထား၏။ အရှင်ရောဟဏကလည်း ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံလိုက်၏။ ထို့နောက် အရှင်ရောဟဏသည် သောနုတ္တရ ပုဏ္ဏား အိမ်၌ ဆွမ်းဘုဉ်းပေး ၍ ပြီးစီးသောအခါတိုင်း ဘုရားဟော ဒေသနာတော်ကို အတန်အသင့်မျှ ဟောကြားခဲ့လေသည်။

တစ်နေ့သောအခါတွင်... သောနုတ္တရ ပုဏ္ဏားသည် နာဂသေနအား ပုဏ္ဏားတို့၏ အတတ်ပညာ၊ စာပေကျမ်းဂန်များကို သင်ယူရန် တိုက်တွန်းပြောကြား၏။ နာဂသေနကလည်း သင်ယူရန် ဝန်ခံလေ၏။ ဤတွင် သောနုတ္တရပုဏ္ဏားသည် ဆရာပုဏ္ဏားအား အသပြာ တစ်ထောင် ပူဇော်ကာ စာပေကျမ်းဂန်များ သင်ကြားပေးပါရန် ပန်ကြား၏။ ဆရာပုဏ္ဏားသည် နာဂသေန တို့၏ ပြာသာဒ်ထက်သို့ တက်ရောက်ကာ တိုက်ခန်းအတွင်း ခင်းထားသော ညောင်စောင်းထက် မှာ နေလျက် နာဂသေနအား စာပေကျမ်းဂန်များ ပို့ချပေး၏။ တစ်ကြိမ်ရွတ်ဆို၍ ပို့ချပေးရုံဖြင့် နာဂသေနသည် ဗေဒင်သုံးပုံတို့ကို နှုတ်ငုံဆောင်နိုင်၏။ သဘောအဓိပ္ပာယ်ကို ဝေဖန်ပိုင်းခြား နိုင်၏။ နိဂဏ္ဍု ဟူသော အဘိဓာန်ကျမ်း၊ ကေဋဘ ဟူသော အလင်္ကာကျမ်း၊ အက္ခရုပ္ပဘေဒ ဟူသော သဒ္ဒါကျမ်း၊ ဣတိဟာသ ဟူသော သမိုင်းကျမ်းတို့ကို တတ်မြောက်၏။ ပဒကျမ်း၊

ဗျာကရုဏ်းကျမ်း၊ လောကာယတကျမ်းတို့နှင့်တကွ မဟာပုရိသ လက္ခဏာကျမ်းတို့ကို အကုန် အစင် သိမြင်တတ်မြောက်၏။

ဤသို့ ပုဏ္ဏားတို့၏ အတတ်ပညာ၊ စာပေကျမ်းဂန်တို့ကို သင်ကြားတတ်မြောက်ပြီးလတ် သော် နာဂသေနသည် ဖခင်ထံချဉ်းကပ်ကာ “ဖခင်၊ ပုဏ္ဏားတို့၏ အတတ်ပညာ၊ စာပေကျမ်းဂန် တို့သည် ဤမျှသာလော။ ဤမျှထက်ပို၍ သင်ကြားရန် ရှိပါသေးသလော'ဟု မေးမြန်း၏။ ဖခင် ပုဏ္ဏားက “ချစ်သား၊ ဤမျှသာ ဖြစ်ပေသည်။ ဤမျှထက် ပို၍ သင်ကြားရန် မရှိတော့ပါ”ဟု ဖြေကြား၏။ ဤတွင် နာဂသေနသည် ပြာသာဒ်ထက်မှ ဆင်းလာကာ ရွာ၏အပြင်ဘက်သို့ ထွက်လာခဲ့၏။ ရွာအပြင်ဘက်ရှိ လူသူလေးပါး ကင်းဆိတ်ရာသို့ ချဉ်းကပ်မိသောအခါ ရှေး ယခင်က ပြုခဲ့ဖူးသော အထုံဝါသနာတို့က တိုက်တွန်းနှိုးဆော်လာကြသဖြင့် မိမိ သင်ယူထားခဲ့ ပြီးသော အတတ်ပညာ၊ စာပေကျမ်းဂန်တို့ကို ပြန်လည်သုံးသပ်၏။ အတတ်ပညာ၊ စာပေကျမ်းဂန် တို့၏ အစ၊ အလယ်၊ အဆုံး သုံးပိုင်းလုံးကို အပြန်ပြန် အလှန်လှန် သုံးသပ်ကြည့်ပါသော်လည်း အနှစ်သာရဟူ၍ တစ်စုံတစ်ရာကိုမျှ မတွေ့ ရပေ။ သို့ဖြစ်၍ “အချင်းတို့၊ ဤဗေဒင်ကျမ်းဂန်တို့ သည် အချည်းနှီး ဖြစ်ကုန်စွတကား။ အချင်းတို့၊ ဤဗေဒင်ကျမ်းဂန်တို့သည် အဖျင်းအတိသာ ဖြစ်ကုန်စွတကား'ဟု စိတ်မချမ်းမသာ ဖြစ်နေရလေသည်။

ဤသို့ စိတ်မချမ်းမသာ ဖြစ်နေရသည်ကို ဝတ္တနိယ ကျောင်း၌ သီတင်းသုံးနေသော အရှင်ရောဟဏ သည် ပရစိတ္တ ဝိနာနန အဘိညာဉ်ဖြင့် သိရှိကာ အဘိညာဉ် တန်ခိုးဖြင့် ဂဇင်္ဂလရွာရှေ့သို့ ကြွရောက်လာ၏။ နာဂသေနသည် မိမိတို့အိမ်သို့ နေ့စဉ် ဆွမ်းခံကြွနေကျဖြစ်သော အရှင်ရောဟဏ ကို အဝေးမှပင် ဖူးမြင်ရ၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်လာ၏။

“ဤရဟန်းသည် အနှစ်သာရ တစ်ခုခုကို သိမြင်ရာ၏”ဟု တွေးတောကာ အရှင်ရောဟဏထံ ချဉ်းကပ်၍ –

“အရှင်ဘုရား၊ ဤကဲ့သို့ ခေါင်းတုံးတုံး၍ ဖန်ရည်ဆိုးအဝတ်များ ဝတ်ရုံထားသော အရှင် ဘုရားသည် မည်သည့်လူမျိုး ဖြစ်ပါသနည်း”ဟု မေးလျှောက်လေရာ- “သူငယ်၊ ငါကား ရဟန်းမည်ပေ၏”

“အရှင်ဘုရား၊ အဘယ့်ကြောင့် ရဟန်းမည်ပါသနည်း”

“သူငယ်၊ ငါသည် ယုတ်ညံ့သော အကုသိုလ် အညစ်အကြေးတို့ကို နှစ်ထုတ်တတ်သော ကြောင့် ရဟန်းမည်ပေ၏”

“အရှင်ဘုရား၊ အရှင်ဘုရား၏ ဆံပင်တို့သည် အဘယ်ကြောင့် သူတစ်ပါးတို့၏ ဆံပင်ကဲ့သို့ မဟုတ်ပါသနည်း'

“သူငယ်၊ ဆံပင်၌ ပြုပြင်ဖွယ်ရာ တစ်ဆယ့်ခြောက်ပါးသော ကြောင့်ကြမှုတို့ကို ရှုမြင်ထား၍ ဆံမုတ်ဆိတ်တို့ကို ရိတ်ပယ်ထားပေသည်”

“အရှင်ဘုရား၊ တစ်ဆယ့်ခြောက်ပါးသော ကြောင့်ကြမှုတို့ကား အဘယ်ပါနည်း'

“သူငယ်၊ ဆံပင်ကို တန်ဆာဆင်ရခြင်း၊ ပြေပြစ် ချောမွေ့ အောင် ပြုလုပ်ရခြင်း၊ ဆီလိမ်းရ ခြင်း၊ ခေါင်းလျှော်ရခြင်း၊ ပန်းပန်ရခြင်း၊ အမွှေးအကြိုင် လိမ်းရခြင်း၊ ခေါင်းလျှော်ရန် တရော် ကင်ပွန်းတို့ကို စိမ်ရခြင်း၊ သဖန်းခါးသီး ရှာရခြင်း၊ သျှီရှားသီး ရှာရခြင်း၊ ဆံပင်နက်အောင် ဆိုးရည် ဆိုးရခြင်း၊ သျှောင်ထုံး ထားရခြင်း၊ ဘီးဖြင့် ဖြီးရခြင်း၊ ဆတ္တာသည်တို့အား ပြုပြင်ပေး ရန် ခိုင်းရခြင်း၊ ထုံးပြီးထားသော သျှောင်ကို ပြန်၍ ဖြေရခြင်း၊ ဆံပင်တို့ ကျွတ်သောအခါ၊ ပြတ်သောအခါ စိုးရိမ်ပူဆွေး ငိုကြွေးရခြင်း၊ ရင်ဘတ်စည်တီး ရှိုက်ကြီးတငင် ညည်းတွားရခြင်း၊ လွန်မင်းစွာ တွေဝေမိန်းမောရခြင်တို့ပင်တည်း’

“အရှင်ဘုရား၊ အရှင်ဘုရား၏ အဝတ်တို့သည် အဘယ့်ကြောင့် သူတစ်ပါးတို့၏ အဝတ်နှင့် မတူပါကုန်သနည်း”

“သူငယ်၊ လူတို့၏ အသွင်အပြင်၊ လူတို့၏ အဝတ်ဘဏ္ဍာတို့သည် ကာမဂုဏ်တို့၌ မှီကုန်၏။ ကာမဂုဏ်မှီခြင်းနှင့် စပ်ယှဉ်ကုန်၏။ ထိုအဝတ်ကို အမှီပြု၍ပင် ဘေးအန္တ ရာယ်နှင့် ကြုံတွေ့ ရ ကုန်၏။ ဖန်ရည်ဆိုးသော အဝတ်ကို ဝတ်ထားသူမှာကား အဝတ်ကို မှီ၍ ဖြစ်ကုန်သော ဘေး အန္တ ရာယ်တို့ မကျရောက်နိုင်ကုန်။ ထို့ကြောင့် ငါ၏ အဝတ်တို့သည် သူတစ်ပါးတို့၏ အဝတ် နှင့် မတူကြခြင်း ဖြစ်ပေသည်

“အရှင်ဘုရား၊ အရှင်ဘုရားသည် မည်သို့သော အတတ်ပညာတို့ကို တတ်မြောက်ပါသနည်း” “သူငယ်၊ ငါသည် လောက၌ အကျုံးဝင်သော အတတ်ပညာတို့ကိုလည်း တတ်မြောက်၏။ လောကထက် လွန်မြတ်သော မန္တန်တို့ကိုလည်း တတ်မြောက်၏”

“အရှင်ဘုရား၊ လောကထက် လွန်မြတ်သော မန္တန်တို့ကို တပည့်တော်အား သင်ကြား၍ ပေးနိုင်ပါမည်လော

“သူငယ်၊ သင်ကြား၍ ပေးနိုင်ပါ၏”

“အရှင်ဘုရား၊ ဤသို့ဖြစ်လျှင် ယခုပင် သင်ကြား၍ ပေးပါလော့'

“သူငယ်၊ ယခု အခါမဟုတ်သေး။ ရွာတွင်းသို့ ဆွမ်းခံဝင်ရဦးမည် ဖြစ်ပေသည်

ဤသို့ အရှင်ရောဟဏက မိန့်ကြားလိုက်သောအခါ နာဂသေနသည် အရှင် ရောဟဏ၏ လက်မှ သပိတ်ကိုယူငင်ကာ မိမိအိမ်သို့ ပင့်ဆောင်ပြီး မွန်မြတ်လှစွာသော ခဲဖွယ်ဘောဇဉ်တို့ကို ဆက်ကပ်၏။ အရှင် ရောဟဏသည် ဆွမ်းဘုဉ်းပေး၍ ပြီးသောအခါ “အရှင်ဘုရား၊ မန္တန်တို့ကို ယခု သင်ပေးပါဘုရား”ဟု လျှောက်ထား၏။ အရှင်ရောဟဏက “သူငယ်၊ မိဘတို့ထံ ခွင့်ပန် ကာ ငါတို့ကဲ့သို့ အဝတ်သင်္ကန်း ဆင်မြန်းနိုင်သောအခါ မန္တန်တို့ကို သင်ပေးပါအံ့' ဟု မိန့်ဆို၏၊ ထိုအခါ နာဂသေနသည် မိဘတို့ထံ ချဉ်းကပ်ကာ “မိခင် ဖခင်တို့၊ ဤရဟန်းသည် လောကထက် လွန်မြတ်သော မန္တန်ကို တတ်မြောက်၏ဟု ဆိုပါ၏။ သို့ရာတွင် မိမိတို့ထံ ရှင်ရဟန်း မပြုသူ အား ထိုမန္တန်ကို သင်ကြား၍ မပေးပါ။ သို့ဖြစ်၍ ကျွန်ုပ်သည် ရဟန်း၏အထံ၌ ရှင်ပြုပြီးလျှင် ထိုမန္တန်ကို သင်ယူလိုပါ၏’ဟု ပန်ကြား၏။ မိခင် ဖခင်တို့ကလည်း ငါတို့၏ သားသည် မန္တန်သင်ယူပြီးလျှင် ပြန်လာလိမ့်မည်ဟု မှတ်ထင်ကာ ရှင်ပြုခွင့် ပေးလိုက်ကြသည်။

ထိုအခါ အရှင် ရောဟဏသည် ဝတ္တနိယကျောင်း ရှိရာ ဝိဇမ္ဘဝတ္ထုကျောင်းတိုက်သို့ နာဂသေနကို ခေါ်ယူလာခဲ့၏။ ဝိဇမ္ဘူဝတ္ထုကျောင်းတိုက်၌ တစ်ညအိပ်ပြီးလျှင် ဟိမဝန္တာတောင်မှာ ရှိသော ရက္ခိတကုန်းပြင်သို့ ခေါ်ဆောင်လာခဲ့ရ၏။ ရက္ခိတကုန်းပြင်မှာ ညီညာဖြဖြ စည်းဝေးနေကြသော ရဟန္တာပုဂ္ဂိုလ်များ၏ ရှေ့မှောက်၌ နာဂသေနကို ရှင်ပြုပေး၏။ ဤတွင်မှ အရှင်ရောဟဏမှာ အပြစ်ဒဏ် ကျခံနေရခြင်းမှ ကင်းလွတ်သွားပေသည်။

အပြစ်ဒဏ်မှ ကင်းလွတ်သွားသော်လည်း ဆရာသမားတို့၏ တာဝန်ဝတ္တရားတို့ကား ရှိနေ သေး၏။ ။ သို့ဖြစ်၍ အရှင်ရောဟဏသည် ရှင်နာဂသေန၏ ပညာစွမ်းကို ဆင်ခြင်သုံးသပ်ကာ အဘိဓမ္မာ ပိဋကကို ရှေးဦးစွာ သင်ကြားပေး၏။ အရှင်နာဂသေနသည် ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်း ဟူသော အဘိဓမ္မာ ခုနစ်ကျမ်းတို့ကို တစ်ကြိမ်ပို့ချရုံနှင့်ပင် နှုတ်တက်အာဂုံ ရွတ်ဆိုနိုင်၏။ သဘောအဓိပ္ပာယ်တို့ကို ဝေဖန်ပိုင်းခြား နားလည်လာ၏။ ထို့ကြောင့် အရှင်နာဂသေနသည် ရဟန္တာပုဂ္ဂိုလ် မြောက်မြားစွာတို့၏ ရှေ့ မှောက်၌ အဘိဓမ္မာ ခုနစ်ကျမ်းမှာ လာရှိသော တရားသဘောအားလုံးကို ကုသလာဓမ္မာ၊ အကု သလာဓမ္မာ၊ အဗျာကတာဓမ္မာ ဟူသော တိက်ပုဒ်သုံးပုဒ်၌ သွတ်သွင်းကာ ခုနစ်လတိုင်တိုင် အကျယ်အားဖြင့် ဝေဖန် ဟောကြား၏။ ထိုတရားပွဲ ပြီးဆုံးသောအခါ မဟာပထဝီမြေကြီးသည် ပဲ့တင်သံ မြည်ဟည်း၏။ နတ်အပေါင်းတို့ ကောင်းချီးပေးကုန်၏။ ဗြဟ္မာအပေါင်းတို့ လက်ခမောင်း ခတ်ကြကုန်၏။ နတ်တို့၏ အခိုးနံ့သာတို့ ကြဲဖြန့်လာကုန်၏။ နတ်တို့၏ မန္ဒာရဝ ပန်းမိုးတို့ ရွာသွန်းကုန်၏။

ဤသို့ အဘိဓမ္မာ ပိဋကကို တစ်ဖက်ကမ်းခပ် တတ်မြောက်သော ရှင်နာဂသေနအား အသက် နှစ်ဆယ်ပြည့်လာသောအခါ ရဟန္တာပုဂ္ဂိုလ်တို့က ရက္ခိတကုန်းပြင်၌ ရဟန်းပြုပေးကြကုန်၏။ရဟန်း အဖြစ် ရရှိပြီး၍ နောက်တစ်နေ့ နံနက်လင်းသောအခါ အရှင်နာဂသေနသည် ဥပဇ္ဈာယ်ဆရာ ဖြစ်သော အရှင်ရောဟဏနှင့်အတူ ရွာတွင်းသို့ ဆွမ်းခံဝင်လာစဉ် “ငါ၏ ဥပဇ္ဈာယ်ဆရာသည် အချည်းနှီးပေတကား။ အသိတတ် တရား ကင်းမဲ့လေစွတကား။ ဘုရားရှင် ဟောကြားတော်မူ ခဲ့သော ဝိနည်းပိဋက၊ သုတ္တန်ပိဋကတို့ကို ငါ့အား သင်ကြား၍မပေးဘဲ အဘိဓမ္မာပိဋကကိုသာ သင်ကြား၍ ပေးပေသည်တကား”ဟု တွေးတောမိ၏။ အရှင်ရောဟဏသည် အရှင် နာဂသေန တွေးတောသည်ကို သိရှိသဖြင့် “နာဂသေန၊ သင်၏ -တွေးတောခြင်းသည် မသင့်လျော်လေစွ တကား”ဟု မိန့်ဆို၏။ ဤတွင် အရှင်နာဂသေနသည် ထိတ်လန့်တကြား အံ့သြတုန်လှုပ်သွား ကာ အရှင်ရောဟဏအား ဝန်ချတောင်းပန်၏။ သို့ရာတွင် အရှင်ရောဟဏက “နာဂသေန၊ ငါသည် ဤမျှဖြင့် သည်းမခံနိုင်သေးချေ။ သာဂလမည်သောမြို့တော်၌ ထီးနန်းစိုးစံသော မိလိန္ဒမင်း သည် ရဟန်း သံဃာကို ပြဿနာများ မေးခြင်းဖြင့် ညှဉ်းပန်းနှိပ်စက်၍ နေဘိ၏။ ထိုမင်းကို ဆုံးမပြီးလျှင် ဘုရားရှင်၏ သာသနာတော်၌ ကြည်ညိုလာအောင် စွမ်းဆောင်နိုင်ပါမူ သင့်အား ငါသည်းခံအံ့”ဟု မိန့်ဆိုလေသည်။

အရှင် နာဂသေနသည်လည်း အရှင်ရောဟဏ၏ မိန့်ကြားချက်ကို ဝန်ခံပြီးလျှင် “အရှင်ဘုရား၊ ဤဝါတွင်း သုံးလပတ်လုံး မည်သည့် ဆရာထံ၌ နေရပါမည်နည်း”ဟု လျှောက်၏။ အရှင် ရောဟဏသည် ဝတ္တနိယကျောင်းမှာ သီတင်းသုံးနေသော အရှင်အဿဂုတ္တထံသို့ သွားရောက် ရန် ညွှန်ကြားပြီးလျှင် လျှောက်ထားရန် စကားတို့ကိုလည်း သင်ကြား၍ ပေးလိုက်၏။ အရှင် နာဂသေနသည် အရှင်ရောဟဏအား ရိုသေစွာ ရှိခိုးဦးချပြီးလျှင် သပိတ်သင်္ကန်းကို ယူဆောင်၍ အစဉ်အတိုင်း လျှောက်လာခဲ့ရာ ဝတ္တနိယကျောင်းသို့ ဆိုက်ရောက်လာ၏။ ဝတ္တနိယကျောင်းရှိ အရှင်အဿဂုတ္တ ထံမှောက်သို့ ရောက်ရှိသောအခါ ရိုသေစွာ ရှိခိုးဦးချလျက် –

“အရှင်ဘုရား၊ တပည့်တော်၏ ဥပဇ္ဈာယ်ဆရာသည် အရှင်ဘုရား၏ ခြေတော်အစုံကို ဦးခိုက် ရှိခိုးလိုက်ပါ၏။ ကျန်းမာ ချမ်းသာကြောင်းများ မေးမြန်းလိုက်ပါ၏။ တပည့်တော်၏ ဆရာသည် ဤဝါတွင်း သုံးလတို့ပတ်လုံး အရှင်ဘုရား၏ထံတော်၌ နေထိုင်ရန် တပည့်တော်အား စေလွှတ် လိုက်ပါသည်ဘုရား”ဟု လျှောက်ထားလေရာ အရှင်အဿဂုတ္တမထေရ်က –

“သင်ကား မည်သူနည်း’

“အရှင်ဘုရား၊ တပည့်တော် နာဂသေန ဖြစ်ပါသည် ဘုရား”

“သင်၏ ဥပဇ္ဈာယ်ဆရာကား မည်သူနည်း’

“အရှင် ရောဟဏ ဖြစ်ပါသည် ဘုရား

“ငါ၏ အမည်ကား မည်သို့ပါနည်း”

“အရှင်ဘုရား၏ အမည်ကို တပည့်တော်၏ ဥပဇ္ဈာယ်ဆရာ သိပါသည်ဘုရား'

“နာဂသေန၊ သင်၏ လျှောက်ထားချက်သည် ကောင်းမွန်ပေစွ၊ ဆရာကောင်းတပည့် ပီသ

ပေစွ၊ သင်၏ သပိတ်သင်္ကန်းတို့ကို ထားသိုပေလော့

Far far away, behind the word mountains, far from the countries Vokalia and Consonantia, there live the blind texts. Separated they live in Bookmarksgrove right at the coast

Far far away, behind the word mountains, far from the countries Vokalia and Consonantia, there live the blind texts. Separated they live in Bookmarksgrove right at the coast

Far far away, behind the word mountains, far from the countries Vokalia and Consonantia, there live the blind texts. Separated they live in Bookmarksgrove right at the coast

Far far away, behind the word mountains, far from the countries Vokalia and Consonantia, there live the blind texts. Separated they live in Bookmarksgrove right at the coast

Far far away, behind the word mountains, far from the countries Vokalia and Consonantia, there live the blind texts. Separated they live in Bookmarksgrove right at the coast

Far far away, behind the word mountains, far from the countries Vokalia and Consonantia, there live the blind texts. Separated they live in Bookmarksgrove right at the coast

Donations & Contributions

Yes, you can dedicate your donation in honor or memory of a loved one. A special acknowledgment can be sent to the person or family you choose.

Yes, you can dedicate your donation in honor or memory of a loved one. A special acknowledgment can be sent to the person or family you choose.

Yes, you can dedicate your donation in honor or memory of a loved one. A special acknowledgment can be sent to the person or family you choose.

Yes, you can dedicate your donation in honor or memory of a loved one. A special acknowledgment can be sent to the person or family you choose.

Yes, you can dedicate your donation in honor or memory of a loved one. A special acknowledgment can be sent to the person or family you choose.

Volunteering & Events

No prior experience is necessary. We provide training and guidance to ensure every volunteer can contribute effectively and safely.

No prior experience is necessary. We provide training and guidance to ensure every volunteer can contribute effectively and safely.

No prior experience is necessary. We provide training and guidance to ensure every volunteer can contribute effectively and safely.

No prior experience is necessary. We provide training and guidance to ensure every volunteer can contribute effectively and safely.

No prior experience is necessary. We provide training and guidance to ensure every volunteer can contribute effectively and safely.

Support & Communication

You can subscribe to our newsletter, follow us on social media, or regularly check our website for the latest news, stories, and program updates.

You can subscribe to our newsletter, follow us on social media, or regularly check our website for the latest news, stories, and program updates.

You can subscribe to our newsletter, follow us on social media, or regularly check our website for the latest news, stories, and program updates.

You can subscribe to our newsletter, follow us on social media, or regularly check our website for the latest news, stories, and program updates.

You can subscribe to our newsletter, follow us on social media, or regularly check our website for the latest news, stories, and program updates.