
ဒစ်ဂျစ်တယ်စာတတ်မြောက်မှုဆိုင်ရာ အခြေခံသင်ခန်းစာများ
“သင်္ဂဟ” (SanGaHa) ပညာဒါနပလက်ဖောင်းမှ လှိုက်လှဲစွာ ကြိုဆိုပါတယ်။
ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ကွန်ပျူတာကျွမ်းကျင်မှု အတတ်ပညာတွေကို အခြေခံကစပြီး တစ်ဆင့်ချင်းစီ စနစ်တကျ လေ့လာသွားနိုင်ဖို့ ဖြစ်ပါတယ်။
ကွန်ပျူတာကို ကောင်းမွန်စွာ အသုံးပြုတတ်ခြင်းဟာ ဒီနေ့ခေတ်မှာ မရှိမဖြစ်လိုအပ်တဲ့ အခြေခံအရည်အချင်းတစ်ခု ဖြစ်နေပါပြီ။
သင်ခန်းစာတွေမစတင်ခင် မိမိကိုယ်ကိုယ် ပထမဆုံး မေးခွန်းထုတ်ကြည့်ရမှာက “ငါ ဘာကြောင့် ကွန်ပျူတာပညာရပ်ကို လေ့လာချင်တာလဲ” ဆိုတာပါပဲ။
? Computer Professional Career အနေနဲ့ အိုင်တီလောကထဲကို ခြေစုံပစ်ဝင်ရောက်ပြီး အသက်မွေးဝမ်းကျောင်းပြုချင်တာလား။
? မိမိရဲ့ လက်ရှိ Main Career (ဥပမာ – ရုံးလုပ်ငန်း၊ စီးပွားရေး၊ ဆရာဝန်၊ အင်ဂျင်နီယာ) မှာ ပိုမိုတိုးတက်အောင်မြင်ဖို့အတွက် Supplement (အထောက်အကူပြု အရည်အချင်း) အဖြစ် လေ့လာချင်တာလား။
? ဒါမှမဟုတ် မိမိရဲ့ Personal Interest (ကိုယ်ပိုင်ဝါသနာ) အရ ဗဟုသုတအဖြစ် လေ့လာချင်တာလား။
ရည်ရွယ်ချက် ဘာပဲရှိရှိ ဒီသင်ခန်းစာတွေက အကောင်းဆုံး လမ်းပြမြေပုံ ဖြစ်လာမှာပါ။
အဆင့် (၁) မိမိအရည်အချင်းကို စစ်ဆေးခြင်း (Initial Assessment)
သင်ခန်းစာတွေ မလေ့လာခင် လက်ရှိမိမိရဲ့ ကွန်ပျူတာအခြေခံ ဘယ်လောက်ရှိလဲဆိုတာကို အရင်ဆုံး ဆန်းစစ်ဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့ သင်္ဂဟ အဖွဲ့သားတွေအနေနဲ့ Google Sheets ကို အသုံးပြုပြီး အခြေခံစစ်ဆေးမှု Assessment တစ်ခု ပြုလုပ်ပေးထားပါတယ်။
ဒီ Assessment ကို ဖြေဆိုပြီးတာနဲ့ မိမိရဲ့ ရလဒ် (Result) ကို ချက်ချင်း (Immediately) မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဖြေဆိုကြည့်ပါ။ ရလဒ်နည်းနေပါစေဦးတော့ စိတ်ပျက်စရာမလိုပါဘူး။
ဘာကြောင့်လဲဆိုတော့ အခုကစပြီး ကျွန်တော်တို့ အတူတူ လေ့လာကြတော့မှာမို့လို့ပါ။
ကွန်ပျူတာ ကျွမ်းကျင်မှုစစ်ဆေးခြင်း မေးခွန်းပုံစံ ၁
ဤကဏ္ဍတွင် ကွန်ပျူတာ၏ Hardware ဆိုင်ရာ အစိတ်အပိုင်းများ၊ အပေါက်များနှင့် ခလုတ်များကို အခြေခံအဆင့် ခွဲခြားသိမြင်နိုင်စွမ်းကို စစ်ဆေးထားပါသည်။
https://forms.gle/1P9NsYQfDC9DafuLA
အဆင့် (၂) Microsoft Digital Literacy သင်ရိုးညွှန်းတမ်းကို လေ့လာခြင်း
အခြေခံကို ပိုင်ပိုင်နိုင်နိုင် ရှိစေဖို့အတွက် ကမ္ဘာ့အဆင့်မှီ Microsoft Digital Literacy Course ဖွဲ့စည်းပုံအတိုင်း အောက်ပါအချက် (၆) ချက်ကို အဆင့်ဆင့် လေ့လာသွားကြမှာ ဖြစ်ပါတယ်
၁။ Work With Computers: ကွန်ပျူတာများ၏ အခြေခံလုပ်ဆောင်ပုံနှင့် စနစ်တကျ ကိုင်တွယ်အသုံးပြုနည်းများ။
၂။ Access Information Online: အင်တာနက်ပေါ်တွင် မိမိလိုချင်သော အချက်အလက်များကို မှန်ကန်မြန်ဆန်စွာ ရှာဖွေနည်းများ။
၃။ Communicate Online: အင်တာနက်ကို အသုံးပြုပြီး အီးမေးလ်၊ လူမှုကွန်ရက်များမှတစ်ဆင့် စနစ်တကျ အဆက်အသွယ်ပြုလုပ်နည်းများ။
၄။ Participate Safely and Responsibly Online: အင်တာနက်အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် တာဝန်ယူမှုရှိစွာ၊ စနစ်တကျ အသုံးပြုတတ်စေရန်။
၅။ Create Digital Content: ဒစ်ဂျစ်တယ် အကြောင်းအရာများ (စာသား၊ ရုပ်ပုံ၊ ဗီဒီယို) ကို ကိုယ်တိုင် ဖန်တီးတည်ဆောက်နည်းများ။
၆။ Collaboration and Management Digital Content: ဒစ်ဂျစ်တယ် အချက်အလက်များကို စနစ်တကျ သိမ်းဆည်းစီမံခန့်ခွဲခြင်းနှင့် အများသူငါနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း။
အဆင့် (၃) မိမိကိုယ်ကို ယုံကြည်မှု တိုးစေခြင်း (Post-Assessment)
အထက်ပါ သင်ခန်းစာ (၆) ခုလုံးကို ဗီဒီယိုများကြည့်ရှုပြီး စနစ်တကျ လေ့လာပြီးသွားတဲ့အခါမှာတော့ အစောပိုင်းက ဖြေဆိုခဲ့တဲ့ Google Sheets Assessment ကိုပဲ ဒုတိယအကြိမ် (ထပ်မံ) ဖြေဆိုရမှာ ဖြစ်ပါတယ်။
ဒီတစ်ကြိမ်မှာတော့ မိမိတို့ သိသိသာသာ ရမှတ်တွေ တိုးတက်လာတာကို မြင်တွေ့ရမှာဖြစ်ပြီး၊ “ငါ ကွန်ပျူတာကို ကောင်းကောင်း တတ်မြောက်သွားပြီ” ဆိုတဲ့ ယုံကြည်မှု (Confidence) ကို အပြည့်အဝ ရရှိသွားစေမှာ ဖြစ်ပါတယ်။
အဆင့် (၄) အိုင်တီအသက်မွေးဝမ်းကျောင်း လမ်းပြမြေပုံ (SanGaHa IT Professional Career Paths)
အခြေခံ Digital Literacy ကို ပိုင်နိုင်သွားပြီးနောက် အိုင်တီနည်းပညာဖြင့် သက်မွေးဝမ်းကျောင်းပြုလိုသူ (Computer Professional Career) များအတွက် Microsoft, CompTIA နှင့် ကမ္ဘာ့ထိပ်တန်း IT Roadmaps များကို ပေါင်းစပ်ညှိနှိုင်းပြီး “သင်္ဂဟ အိုင်တီသက်မွေးဝမ်းကျောင်း လမ်းပြမြေပုံ” ကို စနစ်တကျ သတ်မှတ်ဖော်ပြပေးလိုက်ပါတယ်။
မိမိဝါသနာပါရာ လမ်းကြောင်းကို ဆက်လက် ရွေးချယ်နိုင်ပါတယ်။
–Path 1: Office Productivity & Information Worker
ရုံးလုပ်ငန်းနှင့် စာရွက်စာတမ်း စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ ကျွမ်းကျင်သူ ဖြစ်လိုသူများအတွက်။
Core Focus: Microsoft Office Suite (Word, Excel, PowerPoint), SharePoint Applications, IT Service Management.
Path 2: Infrastructure, Server & Cloud Administration
ကွန်ပျူတာဆာဗာများနှင့် ကလောက်ဒ်နည်းပညာပိုင်းကို စိတ်ဝင်စားသူများအတွက်။
Core Focus: Windows Client, Windows Server, Server Infrastructure, Desktop Infrastructure, Private Cloud, Virtualization Administrator, CompTIA Infrastructure and Cloud.
Path 3: Software & Web Development
ဆော့ဖ်ဝဲလ်များနှင့် ဝဘ်ဆိုက်များ ကိုယ်တိုင်ရေးဆွဲ တည်ဆောက်လိုသူများအတွက်။
Core Focus: .NET Framework, Web Applications, Windows Store Apps (HTML5 / C#), Application Lifecycle Management, CompTIA Software Development.
Path 4: Network & Cybersecurity
အချက်အလက်များ လုံခြုံရေးနှင့် ကွန်ရက်ချိတ်ဆက်ခြင်းပိုင်းကို စိတ်ဝင်စားသူများအတွက်။
Core Focus: Enterprise Devices and Apps, Communications, Messaging, CompTIA Cybersecurity.
Path 5: Data Platform, Analytics & AI
အချက်အလက် စီမံခန့်ခွဲခြင်းနှင့် အနာဂတ်ဉာဏ်ရည်တု နည်းပညာပိုင်းအတွက်။
Core Focus: SQL Server (Database Administrator), Data Platform, Business Intelligence, CompTIA Data & AI.
“ခရီးမိုင်ပေါင်းများစွာဟာ ခြေလှမ်းတစ်လှမ်းက စတင်ပါတယ်”
အိုင်တီပညာရှင်ကြီးတစ်ယောက်ဖြစ်လာဖို့ ဒါမှမဟုတ် မိမိရဲ့ လက်ရှိအလုပ်အကိုင်မှာ ဒစ်ဂျစ်တယ်နည်းပညာကို ကျွမ်းကျင်စွာ အသုံးချနိုင်ဖို့အတွက် အဓိကသော့ချက်ဟာ “မှန်ကန်တဲ့ အခြေခံ” ရှိဖို့ပဲ ဖြစ်ပါတယ်။ အခုတင်ဆက်ပေးမယ့် Digital Literacy Course ဟာ အဲဒီအခြေခံအုတ်မြစ်ကို ခိုင်မာအောင် တည်ဆောက်ပေးမှာ ဖြစ်ပါတယ်။
အသိပညာဗဟုသုတတွေ တိုးပွားပြီး ဘဝကို စမတ်ကျကျ ဖြတ်သန်းနိုင်ဖို့ ကျွန်တော်တို့နဲ့အတူ အခုပဲ လက်တွဲပြီး တစ်ဆင့်ချင်းစီ လေ့လာလိုက်ရအောင်ဗျာ။
အားလုံးပဲ အဆင်ပြေပြေ လေ့လာနိုင်ကြပါစေ။
“Based on the Microsoft Digital Literacy Curriculum.
This is an independent Myanmar-language translation and adaptation for educational purposes.”
“Microsoft Digital Literacy Curriculum ကို အခြေခံ၍ ပြုစုထားပါသည်။
ဤသင်ခန်းစာသည် ပညာရေးဒါန ရည်ရွယ်ချက်ဖြင့် မိမိဘာသာ လွတ်လပ်စွာ မြန်မာဘာသာသို့ ပြန်ဆိုကာ ဆီလျော်အောင် မွမ်းမံပြင်ဆင်ထားခြင်း ဖြစ်ပါသည်။”